ကမ္ဘောဇတိုင်းမီဒီယာ၏ အဓိပ္ပါယ်နှင့် အသုံးပြုမည့် အမှတ်တံဆိပ် (Logo) အဓိပ္ပါယ် ရှင်းလင်း ဖော်ပြချက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, September 25, 2025

ကမ္ဘောဇတိုင်းမီဒီယာ၏ အဓိပ္ပါယ်နှင့် အသုံးပြုမည့် အမှတ်တံဆိပ် (Logo) အဓိပ္ပါယ် ရှင်းလင်း ဖော်ပြချက်

 


         ကမ္ဘောဇတိုင်းမီဒီယာ၏ အဓိပ္ပါယ်နှင့် အသုံးပြုမည့် အမှတ်တံဆိပ် (Logo)  ၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ကမ္ဘောဇ                            ဤစကားလုံးသည် ရှေးခေတ်က ရှမ်းပြည်နယ်၏ သမိုင်းဝင်အမည် ဖြစ်ပြီး ယင်း အမည်ကို အသုံးပြုခြင်းအားဖြင့် သတင်းဌာနသည် ရှမ်းပြည်နယ်နှင့် ပတ်သက် သော သတင်းများကို အဓိကထားကြောင်း ရည်ညွှန်းပါသည်။

တိုင်း                                 ဤစကားလုံးမှာ ဒေသ သို့မဟုတ် နယ်မြေ ဟု အဓိပ္ပာယ်ရပါသည်။

အရောင်များ                  အမှတ်တံဆိပ် (logo) ၏ အဓိကအရောင်ကို အနက်ရောင်အား အသုံးပြုထားပြီး ပုံနှိပ်စာ၏ အရောင်ကို ဖော်ကျူးထားခြင်း ဖြစ်ကာ သတင်းမီဒီယာ ဥပဒေ၊ ကျင့်ဝတ်အပြင် တည်ဆဲဥဒေများနှင့် အညီ ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းမည်ဟု ရည်ညွှန်းပါသည်။

                                ဝါ၊ စိမ်း၊ နီ အရောင်များမှာ အဝါရောင်သည် တောက်ပသည့် မျှော်လင့်ချက်၊ အစိမ်းရောင်သည် ငြိမ်းချမ်းခြင်းနှင့် လန်းဆန်းမှု၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ကို ဖော်ကျူးထားခြင်းဖြစ်ပါသည်။

တောင်တန်းနှင့် ပန်းပွင့်       စိမ်း/ပြာရောင် တောင်တန်းပုံသည် မြန်မာနိုင်ငံ၏ အထင်ကရ ဖြစ်သော ရှမ်းရိုးမ တောင်တန်းကို ရည်ရွယ်ရင်း ဖြစ်ပြီး ထိုတောင်ပေါ်တွင် ပေါက်နေသည့် ပန်းပွင့် မှာ ရှမ်းပြည်နယ်ကို ရည်ညွှန်းသည့် ချယ်ရီပန်း ဖြစ်ပါသည်။

         "ကမ္ဘောဇတိုင်း" အမှတ်တံဆိပ် (logo) သည် ရှမ်းပြည်နယ်၏ ထင်ရှားသော သင်္ကေတများ ဖြစ်သည့် တောင်တန်းနှင့် ချယ်ရီပန်းများကို အသုံးပြု၍ ရှမ်းပြည်နယ်အား ဗဟိုပြုကာ သတင်းများ တင်ဆက်ကြောင်း ရည်ညွှန်း ပါသည်။

 

 

                                                                                                                          အယ်ဒီတာချုပ်

No comments:

Post a Comment

Pages