.
မမြင်တာကြာတော့ ဘာအိတ်မှန်း မမှတ်မိတော့ဘူး။ နှစ်တွေ ဘယ်လောက်ကြာခဲ့မှန်းမှ မသိတော့တာ။ အိတ်ပေါက်စကို ကောက်ကိုင်ပြီး ဖုန်ခါလိုက်တော့မှ အတွင်းက ရှိတဲ့ ပစ္စည်းတွေ ကို သိလိုက်တယ်။ နားရွက်နားကပ် ပြီးခါကြည့်တော့ အသံလေး တွေ ထွက်လာတယ်။ သေချာတယ်။ မှတ်မှတ်ရရ ဖြစ်အောင် သိမ်းပြီး မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့ အကြွေစေ့လေးတွေ။ သိပ်အများကြီးတော့ မဟုတ်ဘူး။ အကြွေစေ့လေး ၈ ခု။ ၁၀၀ တန် အကြွေစေ့က ၅ ခု၊ မြန်မာငွေ ၅၀၀ ကျပ်။ ၅၀ တန် အကြွေ စေ့က ၂ ခု ၁၀၀ ကျပ်။ ၁၀၀ တန်နဲ့ ၅၀ တန်တွေက မြန်မာနိုင်ငံ တော် ဗဟိုဘဏ် တံဆိပ်ခပ်နှိပ်ပြီး ၁၉၉၉ ခုနှစ်က ထုတ်ဝေထား တဲ့ အကြွေစေ့လေးတွေ။ ၂၁ သား အရွယ် အကြွေစေ့။ ဈေးဆိုင် တွေမှာ လိုအပ်တဲ့ ပစ္စည်း သွားဝယ်ရင် လက်ခံမယ့်ပုံ မပေါ်ဘူး ထင်ရတာပဲ။ ဒါမှမဟုတ် အထူးအဆန်း အဖြစ် ကြည့်ရင်ကြည့် လိမ့်မယ်။
.
၂၁ နှစ်သား ၁၀၀ တန်၊ ၅၀ တန် အကြွေစေ့တွေက အတော် ကြီး လတ်နေသေးတယ်။ ပြောင်လက်လက်လေးတွေ ဖြစ်နေ တယ်။ ၂၁ နှစ်ဆိုတော့ အရွယ်ကောင်း ဖြစ်နေသေးတာကိုး။ ဒီ အကြွေစေ့လေးတွေနဲ့ ဈေးသွားဝယ်ဖို့ စဉ်းစားကြည့်သေးတယ်။ ဘာရယ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံတော် အစိုးရ အသိအမှတ်ပြု ထုတ်ဝေထားတဲ့ ပိုက်ဆံဆိုတော့ သုံးလို့ ရဦးမလားပေါ့။ နောက်တော့ ဈေးဝယ်မယ့် အစီအစဉ်ကို ဖျက်လိုက်တယ်။ မေ့ မေ့ပျောက်ပျောက် နှစ်ပေါင်းများစွာ သိမ်းလာပြီးမှတော့ ဒီအ တိုင်း ဆက်သိမ်းမယ် စိတ်ကူးနဲ့။ ၁၀၀ တန် ၅ စေ့က ၅၀၀၊ ၅၀ တန် ၂ ခုက ၁၀၀ ကျပ်။ အကြွေ ၂ မျိုးပေါင်း ၆၀၀ ကျပ် ၇ စေ့။ စုစုပေါင်း ၈ ခု ရှိတာဆိုတော့ နောက်တစ်ခု ကျန်နေသေးတယ်။ ကျန်နေတဲ့ အကြွေစေ့လေး ကြည့်တော့ အသက်တော်တော် ရ နေပြီ။ ခုနှစ်နဲ့ တိုက်ကြည့်တာ ၆၈ နှစ်။
.
အကြွေစေ့လေး အသက်က လူတစ်ယောက် သက်တမ်းနဲ့ ကြည့်ရင် မီးစာကုန် ဆီခန်းပြောလို့ရသလို၊ ရင်ကျက်တဲ့ အရွယ် လို့ဆိုချင်လည်း ဆိုနိုင်လိမ့်မယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် တံဆိပ်ခတ်နှိပ်ပြီး ၁၉၅၂ ခုနှစ်မှာ ထုတ်ဝေထားတဲ့ တစ်မတ်စေ့ လေး။ ၂၅ ပြားစေ့။ ပိုက်ဆံအကြွေစေ့လေးက အဝိုင်းတိတိပပ မဟုတ်ဘူး။ ဆဌဂံနဲ့ ခပ်ဆင်ဆင် တူတယ် ပြောရမယ် ထင်တယ်။ ထောင့် ၆ ထောင့် ပုံစံသွန်းထားတော့ တူပါလိမ့်မယ်။၁၀၀ တန် နဲ့ ၅၀ တန် အကြွေတွေက သက်တမ်း သိပ်မရင့်သေးတော့ အ တော်ကြီးလတ်တယ်။ သက်တမ်းရင့်နေတဲ့ တစ်မတ်စေ့လေးက တော့ သိပ်အရောင် မလတ်တော့ဘူး။ သူဟာ ၂၅ ပြားစေ့ ဖြစ်ခဲ့ ဖူးတယ်ဆိုတာ ပြနိုင်ရုံလောက်ပေါ့။ သူအသက်အရွယ် ကြီးရင့် နေပြီလေ။ ဒီ ၂၅ ပြားစေ့လေး မြင်တော့ မူလတန်း ကျောင်းသား ဘဝကို သတိရမိပြန်တယ်။
.
၂၅ ပြားစေ့လေး မြင်တော့ မူလတန်း ကျောင်းသား ဘဝကို သတိရမိပြန်တယ်။
.
ငယ်ငယ်တုန်းက ကျောင်းသွားရင် မုန့်ဖိုး အနေနဲ့ အကြွေ စေ့လေးတွေပဲ ရခဲ့တာ။ ၅ ပြားစေ့၊ ၁၀ ပြားစေ့၊ ၂၅ ပြားစေ့တွေ။ တစ်မတ် ပြည့်အောင် မုန့်ဖိုးရတဲ့ ရက်က တော်တော် ရှားတယ်။ နေ့စဉ်လို ရတဲ့ မုန့်ဖိုးက ၁၀ ပြားနဲ့ ၅၅ ပြား ပေါင်းထားတဲ့ ၁၅ ပြား။ အိမ်ကနေ တစ်မတ်ပြည့်အောင် မုန့်ဖိုးပေးတဲ့ ရက်က လက်ချိုးရေလို့တောင် ရတယ်။ ကိုယ့်အတိုင်း ကိုယ့်အထွာနဲ့ဆို တော့ ရသလောက်နဲ့ တင်းတိမ်ရတာပေါ့။ သူ့ခေတ်သူ့အခါက မူလတန်းကျောင်းသား တစ်ယောက်အတွက် ၁၅ ပြားက လုံ လောက်တဲ့ မုန့်ဖိုးလို့ ပြောနိုင်တယ်။ ကျောင်းမုန့်ဈေးက ရေခဲ ချောင်း ဝယ်စားလို့ ရတယ်။ မုန့်ဟင်းခါး ၁၅ ပြားတန် ရှိတယ်။ မုန့်ကြွပ် အဖြူအပြားလေးပေါ်မှာ ကြာဇံကြော်လေး ထည့်ပြီး စားလို့ရသေးတယ်။ လက်ထဲက ငွေ ၁၅ ပြားနဲ့ အကုန်လုံး စား ချင်လို့တော့ မရဘူးပေါ့။ ၂ မျိုးလောက်တော့ စားလို့ ရခဲ့တယ်။
.
ကျောင်းသွားတဲ့ အချိန် ရုံးတစ်ခုမှာ အလုပ်လုပ်တဲ့ ဦးလေး နဲ့ ဆုံရင်တော့ အဲဒီနေ့ ဗိုက်ခွေးနမ်းတာပဲ။ ဦးလေးက တွေ့တိုင်း မုန့်ဖိုး အမြဲတမ်း ပေးနေကြ။ သူအမြဲတမ်း တစ်မတ်၊ ငါးမူးပေး တယ်။ လက်ထဲ တစ်မတ်လောက် ရှိရင်တောင် စားချင်တာစိတ် ကြိုက် စားလို့ရတာ။ ဦးလေးဆီက ငါးမူးလောက် ရတဲ့ ရက်ဆို အိမ်က ပါတာနဲ့ ပေါင်းလိုက်ရင် ဘော်ဒါတွေနဲ့ ကျောင်းမုန့်ဈေး မှာ အမုန်းဆွဲ။ ငါးပြား၊ ဆယ်ပြား၊ ဆယ့်ငါးပြား၊ တစ်မတ်၊ ငါးမူး နဲ့ အကြွေစေ့တွေ ရေးနေတာ ၂၀ အောက် လူငယ် စာဖတ် ပရိ သတ်တွေ ဖြစ်နေရင် မျက်စိလည်နေလောက်ပြီ ထင်ပါတယ်။ အခုခေတ်က အကြွေစေ့လေးတွေ မရှိတော့ဘူး။ ရှိတဲ့ အကြွေ စေ့လေးတွေကလည်း မသုံးကြတော့ဘူး။ တချို့လည်း သုံးလို့ မရတော့ဘူး။ အကြွေစေ့ ရှိတဲ့ လူတိုင်း အမှတ်တရ အဖြစ်ပဲ သိမ်းထားကြတော့တယ်။ အကြွေစေ့ ရှိခဲ့ဖူးတာ သိအောင်လို့ပေါ့။

အသက် ၂၀ အောက် ကလေးတွေကို ဒီပိုက်ဆံ တွေ သွားပြရင် ပိုက်ဆံဆိုတာ ယုံကြမယ်တောင် မထင်ဘူး။ အခု ၅၀ တန် ၁၀၀ တန်တွေတော့ သုံးနေသေးတယ်။ စက္ကူ စာရွက် နဲ့ ပိုက်ဆံတွေ။ ၁၀၀ တန် ၅၀ တန် အကြွေစေ့လေးတွေကိုတော့ ဘယ်သူမှ မသုံးကြတော့ဘူး။ တစ်မတ်စေ့လေးတွေကိုတော့ မြင်ဖူးတဲ့လူ ရှိလိမ့်မယ်။ ဒါပေမဲ့ သုံးလို့ မရတော့ဘူး။ တစ်မတ်တန် ရောင်းကုန် မရှိတော့လို့။

No comments:
Post a Comment