.
လမ်းကျဉ်း လမ်းငယ်လေးတွေမြင်တိုင်း၊ လမ်းကိုကျဉ်းငယ် အောင်ဖြစ်စေတဲ့ အရာတွေမြင်တိုင်း တစ်ထိတ်ထိတ်နဲ့ စိုးရိမ် စိတ်ဝင်လာခဲ့တယ်။ ဘာကိုစိုးရိမ်လည်း ဆိုတော့ အခုချိန်က ပွင့်လင်းရာသီ။ ပွင့်လင်းရာသီရဲ့ ထုံးစံအတိုင်း အဓိကစိုးရိမ်ရ တာက မီးရေးထင်းရေး။ အချိန်မရွေး ပုံစံမျိုးစုံနဲ့ လောင်မီးကျ တတ်တယ်။ မထင်မှတ်တဲ့ အပေါက်ကနေ တံခါးမခေါက်ဘဲ ဝင်လာတတ်တယ်။ ပေါ့ပေါ့ဆဆ လုပ်မိလို့ လောင်မီးကျတာ တွေရှိတယ်။ မတော်တဆ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် ပြဿ နာပေါ်တတ်တယ်။ မီးခြစ်မီးခွက်နဲ့ ကလေးသူငယ်တွေ ဆော့ ကစားရင်းလည််း ဖြစ်သွားနိုင်တယ်။ လူတိုင်း အသုံးပြုတဲ့ လက် ကိုင်တယ်လီဖုန်း အားသွင်းရင်း ပေါက်ပေါက်ကွဲကွဲတွေ ဖြစ်တတ်တယ်။ သဘာဝတရားကြီးက မျက်နှာလိုက်လို့လည်း ဖြစ်နိုင်ချေရှိနေတယ်။ ပွင့်လင်းရာသီက စိုးရိမ်ရေမှတ်နား ရောက်တတ်လို့ သတိိမပြတ်ဖို့ လိုအပ်တယ်။
.
အရင်တုန်းက သတင်းစာကိုင်ရင် ဓာတ်လိုက်တယ်လို့ ပြောကြတယ်။ လက်တွေ့ကျကျ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားမရှိဘဲ ပုံနှိပ်စာရွက်တွေပေါ်မှာ ပြည့်ပြည့်ဝဝ ထုတ်နေလို့ ပြောကြတယ် ထင်ပါတယ်။ မဟုတ်ဘဲနဲ့တော့ ဆိုကြမှာ မဟုတ်ပါဘူး။ ၂၄ နာရီကို ၄ ပိုင်း ပိုင်းပြီး အလှည့်ကျစနစ် ဓာတ်အား သုံးစွဲခဲ့ဖူးတာ အားလုံးအသိ။ အခုကတော့ သတင်းစာတွေက ဓာတ်မလိုက်ပေမယ့် မကြာခဏ မီးလောင်နေ တယ်။ သတင်းစာတွေ ဖတ်လိုက်ရင် မီးလောင်တဲ့ သတင်းက နေ့စဉ်လို တွေ့နေရတယ်။ အိမ်တွေလောင်မီးကျနေတယ်။ တဲငယ်တွေ အတွဲလိုက် မီးလောင်တာရှိတယ်။ အ ထင်ကရ စျေးကြီးတွေလည်း ပါတယ်။
.
အစိုးရရုံး တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အစ်မတစ်ယောက်ကို ကြိုပိုု့လုပ်ရင်း မဟာစည်လမ်းသွယ်ထဲ တစ်ပတ် ၂ ရက် ၃က်က်ရောက်တယ်။ သူ့အိမ်သွားတဲ့ လမ်းပေါ်ရောက်တိုင်း မီးရေးထင်းရေး စိုးရိမ်ရတဲ့ အခြေအနေကို သတိထားမိတယ်။ လမ်းတွေက ကျဉ်းတယ်။ တံတောင်ဆစ်ချိုးကွေ့တွေ ဖြစ်နေတယ်။ ဇောက်ထိုး ဆင်းသွားတဲ့ ကွန်ကရစ်လမ်းတွေ ခင်းထား တယ်။ တချို့နေရာတွေက ကားငယ် ၂ စီးတောင်် ရှောင်လို့မရ ဘူး။ ဆိုင်ကယ်တစ်စီး သွားလို့ရတဲ့ နေရာတွေလည်းရှိတယ်။ အပျက်တွေကို ဘယ်သူမှ ကြိုမမြင်နိုင်ပါဘူး။ ဖြစ်လာနိုင်ချေ ရှိတာကိုတော့ တွေးကြည့်လို့ရနိုင်တယ်။ အစ်မကို အမြဲပို့ရင်း သူတို့လမ်းတွေကြောင့် မီးရေးထင်းရေး စိုးရိမ်ခဲ့တယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၄ နာရီလောင်တဲ့ မီးက အစ်မအိမ်နဲ့ ၃ အိမ်လောက်သာ ခြားတယ်။ မီးသတ်ကား ဝင်မရလို့ နောက်ပြန် လှည့် လက်ပိုက်ကြည့်ပြီး လူအင်အားနဲ့ မီး ငြိမ်းရတယ်။
.
တောမီးက သူ့အလိုလို ဒေါခွီးစရာ အကြောင်းမရှိ။ သစ်ပင် ရှားပါးတဲ့အချိန် သစ်ပင်သစ်ကိုင်း ပွတ်တိုက် လောင်နိုင်ချေ နည်းတယ်။ တို့မီးရှို့မီး လက်ကမြင်းမှုတွေကြောင့် တောမီး လောင်တာလားတော့ မပြောတတ်။ တောင်ကြီး၊ အေးသာယာ အတက်အဆင်း လမ်းတစ်လျှောက် သစ်ပင် သစ်တော ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး ဆိုင်းဘုတ်မျိုးစုံ ချိတ်ဆွဲထားတယ်။ ဥတုရာသီ တောကိုမှီ၏။ ကန်သာအင်းလေး မတိမ်ကောရေး သဘာဝဝန်းကျင်ကို ထိန်းသိမ်းပေး။ သစ်ပင်သစ်တော ချစ်ခင် သည့် လူမျိုးရွှေတိုက်ကိုစိုးတဲ့။ (ဘယ်လိုချစ်ခင်တဲ့လူတွေ၊ ရွှေ တိုက်စိုးသွားတယ် မပြောတတ်ပါဘူး) ကျန်တဲ့ အမည်နာမ တပ်ထားတဲ့ ဆိုင်းဘုတ်တွေလည်း တော်တော်များများ တွေ့ ရတယ်။ အဓိကလိုရင်း အချက်က သစ်ပင်သစ်တောတွေ ထိန်းသိမ်းဖို့။ တောမီးလောင်တိုင်းတော့ လက်သည်တရားခံ ပျောက်နေတတ်တယ်။
.
အခုနောက်ပိုင်း ရပ်ကွက်ထဲကို ပြောင်းတဲ့လူတွေ များလာတယ်။ တောင်ကုန်း တောင်စောင်းတွေမှာ အိမ်ခြေတွေ များလာတယ်။ အိမ်အများစု တောင်ကုန်းတောင်စောင်းမှာ ဆောက်ထားတာ ဆိုတော့ လမ်းတွေက ကောင်းကောင်း မရှိသေးဘူး။ ရှိတဲ့လမ်းတွေကလည်း လမ်းကျဉ်းတွေ ဖြစ်နေတယ်။ တချို့လမ်းတွေက ကားကွေ့ရခက်တဲ့ တံတောင်ဆစ်ချိုးတွေ။ အရေးအကြောင်းဆို သွားလာရ မလွယ်တော့ဘူး။ မီးလောင်မှု ဖြစ်တော့ မီးသတ်ကားတွေ ရောက်လာတာ မီးလောင်တဲ့နေရာကို မီးသတ်ကား ဝင်လို့ မရဘူး။ မီးသတ်ပိုက်ဆွဲဖို့လည်း အဆင်မပြေတော့ လူအင်အားနဲ့ပဲ မီးငြိမ်းရတယ်။ လေတိုက်တဲ့ အချိန်လည်းဖြစ်တော့ မီးက တော်တော်နဲ့ ငြိမ်းမရဘူး။ ကားအဝင်အထွက် ကောင်းတဲ့ လမ်းတွေဖြစ်ဖို့ လိုအပ်တယ်။
.
နေရာစုံက ပုံစံမျိုးစုံနဲ့ ပြောင်းလာသူ အများစုက တောင်ကြီးမြို့ အနောက်ဘက်ခြမ်း တောင်ကုန်းတောင်စောင်းတွေဘက် အရောက်များတယ်။ တောင်ကုန်းတောင်စောင်း လူနေအိမ်ခြေရှိတဲ့ နေရာ လမ်းအများစုက လမ်းမည်ကာမတ္တတွေ။ လူတွေသွားနေလို့ လမ်းအမည်သမုတ်လို့ ရတာ။ လမ်းအင်္ဂါရပ်နဲ့ ညီတဲ့ လမ်းတွေမဟုတ်ဘူး။ ရာခိုင်နှုန်း အများစုက ကိုယ်ထူကိုယ်ထ အဆင်ပြေသလို ခင်းထားကြတဲ့ လမ်းတွေ။ ပညာရှင်တွေနဲ့ တိုင်းတာတွက်ချက်ပြီး ခင််းထားတာ မဟုတ်တော့ ဘာ အာမခံချက်မှလည်း မပေးနိုင်ပါဘူး။ နိုင်ငံတကာမှာ မြို့ရွာတစ်ခု တည်တော့မယ်ဆိုရင် ဘက်ပေါင်းစုံ ချင့်ချိန်စဉ်းစားပြီး လမ်းအတွက် ဦးစားပေးတတ် ကြတယ်။ ဒီနေရာမှာတော့ ခြံကွက်စာချုပ်တံဆိပ်တုံး နှိပ်ဖို့က လွဲပြီး ကျန်တာတွေနားလည်ပုံ မရကြတာလား။
.
တိုးချဲ့လို့ ရနိုင်သေးတဲ့ ရပ်ကွက်အတွင်းမှာ ခြံကွက်တစ်ခု အိမ်ခြေတစ်လုံး တိုးပြီဆိုတာနဲ့ အဲ့ဒီခြံကွက် အဲ့ဒီအိမ်ဟာ မီး ရေးထင်းရေး စိတ်အေးရဖို့ အရေးကြီးပါတယ်။ သွားလမ်းသာ လာလမ်းဖြောင့်ဖို့ လိုအပ်တယ်။ အရေးပေါ်ရင် ကြီးကြီးမားမား အရာ မရောက်အောင် တာဝန် ရှိသူတွေက စနစ်တကျ စိစစ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လက်ရှိ မြင်တွေ့နေရတဲ့ အခြေအ နေက အရေးကြီးတဲ့ အကြောင်းချင်းရာတွေအတွက် ဘာတစ်ခုမှ လုပ်ကိုင်ဆောင်ရွက်ထားပုံ မရပါဘူး။ ထိုးချင်သလို ထိုး ထားတဲ့ ခြံစည်းရိုး ဖြစ်နေလည်း ဒီတ်ိုင်းငုတ်တုတ်။ ဆောက် ချင်သလို ဆောက်တဲ့ အိမ်ဖြစ်နေလည်း မျက်လုံးတွေကမမြင်။ လမ်းပျောက်အောင် ကျူးထားလည်း နောင်ခါလာ နောင်ခါစျေး။ စနစ်တကျဖြစ်အောင် စီစဉ်ဆောင်ရွက် လုပ်ကိုင်တာတွေ မရှိ တော့ မဆုံးရှုံးသင့်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်အောင် မီးစထိုး လက်ယပ် ဖိတ်ခေါ်သလို ဖြစ်ကုန်ပါတယ်။
.
မီးဘေးအန္တရာယ် ကြောက်မက်ဖွယ် ကာကွယ်မနှေး တို့အရေးတဲ့။ မီးသတ်ပြက္ခ ဒိန်ပေါ်က ဆောင်ပုဒ်။ ကြောက်မက်ဖွယ် မီးကို ငြိမ်းသတ်နိုင်ဖို့ မီးသတ်ကားဝင်လို့ရတဲ့ လမ်းတွေဖြစ်ဖို့လည်း လိုအပ်နေ ကြောင်းပါ။
.




No comments:
Post a Comment