ဖုန်းအသစ် ထပ်ထုတ်ဖို့ မရှိတော့တဲ့ စမတ်ဖုန်းကုမ္ပဏီ ၂ ခု - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, January 21, 2026

ဖုန်းအသစ် ထပ်ထုတ်ဖို့ မရှိတော့တဲ့ စမတ်ဖုန်းကုမ္ပဏီ ၂ ခု


.
နည်းပညာကုမ္ပဏီကြီး ၂ ခုက အခု ၂၀၂၆ ခုနှစ်မှာ စမတ်ဖုန်းအသစ်တွေ ထပ်ပြီး ထုတ်လုပ်ဖို့ မရှိသလို သူတို့ အမှတ်တံဆိပ်တွေကို စမတ်ဖုန်းဈေးကွက် လောက ကနေ လုံးဝ အနားယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
.
ASUS ကုမ္ပဏီက အခု ၂၀၂၆ ခုနှစ်အတွင်းမှာ စမတ်ဖုန်းအသစ် ထပ်မံထုတ်လုပ်ဖို့ မရှိတော့သလို စမတ်ဖုန်းဈေးကွက်ကနေ လုံးဝ ထွက်ခွာဖို့ သေချာသွားပြီလို့ ဆိုပါတယ်။
.
ASUS ရဲ့ ဥက္ကဋ္ဌ Jonney Shih က လာမယ့် တိုင်ပေ နန်ဂန်းစတင်တာမှာ ပြုလုပ်မယ့် ပြပွဲမှာ ကုမ္ပဏီ အနေနဲ့ စမတ်ဖုန်းအသစ် ထုတ်ဖော်ပြသဖို့ အစီအစဉ်မရှိဘူးလို့ ဒီလအစောပိုင်က ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
.
သတင်းတွေအရ ASUS အနေနဲ့ စက်ရုပ်နဲ့ စမတ်မျက်မှန် နည်းပညာတွေမှာ ပိုပြီးတော့ အာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်ပြီးတယ်လို့ ဆိုပါတယ်။
.
ASUS က စမတ်ဖုန်းအသစ်တွေ ထပ်မထုတ်တော့ဘူး ဆိုပေမဲ့ ထွက်ရှိပြီးသား ဖုန်းတွေအတွက် ဆော့ဖ်ဝဲ အပ်ဒိတ်နဲ့ အာမခံဝန်ဆောင်မှုတွေကတော့ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။
.

ASUS က ၂၀၂၅ ခုနှစ်အတွင်းမှာ ဝင်ငွေ ထိုင်ဝမ်ဒေါ်လာ ၇၈၁.၉၁ ဘီလီယံ ရရှိခဲ့ပြီးတော့ ဒါဟာ ၂၀၂၄ ခုနှစ် ကထက် ၂၆ ရာခိုင်နှုန်း ပိုတိုးလာတာဖြစ်တယ်လို့ Jonney Shih က ဆက်ပြောပါတယ်။ အထူးသဖြင့် AI Server လုပ်ငန်းက ဝင်ငွေ ၁၀၀ ရာခိုင်နှုန်း ရရှိခဲ့ပြီးတော့ ကုမ္ပဏီပန်းတိုင်ရည်မှန်းချက်ကို နှစ်ဆ ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။
.
ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ASUS ဟာ သူ့ရဲ့ Zenfone နဲ့ ROG စီးရီး စမတ်ဖုန်း ထုတ်လုပ်မှုကို လျှော့ချခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ROG Phone 9 FE နဲ့ Zenfone 12 Ultra စမတ်ဖုန်း ၂ မျိုးသာ အသစ်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
.
ဒါ့အပြင် တခြားစမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ OPPO ကလည်း သူ့ရဲ့ OnePlus စမတ်ဖုန်းထုတ်လုပ်မှုကို ရပ်နားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
.
ဒီသတင်းကတော့ Android Headlines ဆီက လာတာ ဖြစ်ပြီး OnePlus ဘက်က တရားဝင် ထုတ်ပြန် တာမျိုး မတွေ့ရသေးပါဘူး။
.
OnePlus ဖုန်းတွေ ဆက်မထုတ်တော့ပေမဲ့ ဒီဖုန်းတွေရဲ့ security updates နဲ့ warranty တွေကို Oppo က ဆက်ပေးသွားဖို့ ရှိပါတယ်။
.
Ref – GSMArena
.

No comments:

Post a Comment

Journal Download

Photo of three cats

Pages