တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံခန့် တန်ဖိုရှိ မူးယစ်ဆေးများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, March 24, 2026

တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံခန့် တန်ဖိုရှိ မူးယစ်ဆေးများ ဖမ်းမိ

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ကော့ရား ကျေးရွာအနီီီီီီးတွင် ငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မတ်လ ၂၄ ရက်၊ ညနေပိုင်းတွင် တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၂၈၅၀၀ ခန့် အကွာရှိ ကော့ရားကျေးရွာအနီး၌ မသင်္ကာဖွယ်ရာ တဲများကို ရှာဖွေ စစ်ဆေးရာ မူးယစ်ဆေးဝါး ချက်လုပ်/ထုပ်ပိုးသော မိုးကာတဲများ၊ လူနေ မိုးကာတဲများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၉ သိန်း၊ မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းနှင့် Starlink Gan 3 တစ်လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု DSINFO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အဆိုပါ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို အသေးစိတ် စစ်ဆေးနေပြီး သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

.

ထို့အပြင် မူးယစ်ဆေးဝါးများ တွေ့ရှိရာ ဒေသတစ်ဝိုက်ကိုလည်း မူးယစ်ဆေးဝါးချက်လုပ်သော နေရာများ ရှိနိုင်သေးသည့် အတွင် နယ်မြေဖော်ထုတ် ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


No comments:

Post a Comment

Journal Download

Photo of three cats

Pages