.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်
.
“ဝ” အမျိုးသားပါတီ (WNP) ၏
ဥက္ကဋ္ဌဟောင်း ဦးဆိုင်ပေါင်းနပ်သည် ယမန်နေ့ မတ်လ ၂၄ ရက်က လားရှိုး မြို့ရှိ နေအိမ်တွင်
ကွယ်လွန်ခဲ့သည်ဟု သိရသည်။
.
.ဦးဆိုင်ပေါင်းနပ် သည် ကွယ်လွန်ချိန်တွင် အသက် ၇၇
နှစ် ရှိပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပါတီဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့သူဖြစ်သည်။
.
၎င်းသည် ပထမအကြိမ် လွှတ်တော်တွင် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်
(၁၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
.
“ဝ”အမျိုးသားပါတီ (WNP) သည်
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်က နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခွင့်ပြုချက်
ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးသည်။
.



No comments:
Post a Comment