.
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်
.
အောင်ပန်းမြို့၊ မြနန္ဒာကျောက်တောင်ပေါ်တွင်
တည်ထားလျက်ရှိသော သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈) တောင် စေတီတော်မြတ်ကြီး
ဌာပနာပိတ်ပွဲနှင့် ထီးတော်တင်လှူပွဲကို လာမည့် ဧပြီလ ၁၇ ရက်မှ ၃၀ ရက် အထိ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်ဖြစ်သော ဧပြီလ
၁၇ ရက်တွင် စေတီတော် ဌာပနာပိတ်ပွဲနှင့် အရန် စေတီတော်များ ထီးတင်ပွဲကို
ပြုလုပ်သွားမည်ဖြစ်ပြီး ကလောမြို့နယ်အတွင်းရှိ ပင့်ကျောင်း ၅၀၀ မှ သံဃာတော်များကို
နေ့စဉ် ဆွမ်းနှင့် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ပင်မစေတီတော်ကြီး၏
ထီးတော်တင်လှူပွဲကို ဧပြီလ ၃၀ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ထိုနေ့တွင် ပင့်သံဃာ
၁၀၈ ပါးတို့ကို ဆွမ်းဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကာ ချက်ပြုတ်ရေးနှင့် ဧည့်ခံ
ကျွေးမွေးရေးတို့အတွက် ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ လုပ်အားဒါနပြု
ပါဝင်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သီရိမင်္ဂလာအောင်ချမ်းသာ
စေတီတော်မြတ်ကြီးသည် ကလောမြို့နယ်၊ အောင်ပန်းမြို့၏ အနောက်ဘက် တစ်မိုင်
နှစ်ဖာလုံအကွာရှိ မြနန္ဒာကျောက်တောင်ပေါ်တွင် တည်ရှိပြီး အောင်ပန်းမြို့၊
အောင်ချမ်းသာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်က
ဦးစီးဦးဆောင် ပြုကာ ရွှေတိဂုံစေတီတော် ပုံစံတူ တည်ထားကိုးကွယ်ခြင်းဖြစ်ပြီး
ပင်မစေတီတော်ကြီးနှင့် အရန်စေတီ စုစုပေါင်း ၁၆၈ ဆူ ရှိမည်ဖြစ်ကြောင်း သိရသည်။
.
စေတီတော် ထီးတော်မတင်လှူမီ လုပ်ဆောင်ရန်ကျန်
လုပ်ငန်းများဖြစ်သော လိုဏ်ဂူတော် အတွင်းပါကေး နှင့် ကျောက်ပြားခင်းခြင်း၊
အရှေ့ဘက်စောင်းတန်း မုခ်ဦးလှေကားအတက် လက်ရန်းနှင့် အချောသတ် ဆောင်ရွက်ခြင်း၊
စေတီတော်ရင်ပြင်တော်ပတ်လည် မြေထိန်းနံရံနှင့် မြေဖို့လုပ်ငန်းများ အတွက် အလှူငွေ
များ လှူဒါန်းနိုင်ကြောင်း စေတီတော် ဂေါပကအဖွဲ့ထံက သိရသည်။
.



No comments:
Post a Comment