ယနေ့ မတ်လ ၁၈ ရက်မှ စတင်၍ အလှည့်ကျမီးပေးစနစ် စတင်မည်ဟု ထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, March 18, 2026

ယနေ့ မတ်လ ၁၈ ရက်မှ စတင်၍ အလှည့်ကျမီးပေးစနစ် စတင်မည်ဟု ထုတ်ပြန်

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်

.

ယနေ့ မတ်လ ၁၈ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နွေရာသီ အလှည့်ကျ မီးပေးစနစ် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယမန်နေ့ညပိုင်းတွင် ကြေညာခဲ့သည်ဟု သိရသည်။

.

.

နွေရာသီ အပူချိန်မြင့်တက်လာမှုကြောင့် လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းနှင့် ထုတ်လုပ်နိုင်စွမ်း အကန့်အသတ်ရှိခြင်းတို့ကြောင့် ယခုလို အလှည့်ကျစနစ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

.

နွေရာသီကာလဖြစ်သည့် မတ်လမှ မေလအတွင်း လျှပ်စစ်ဓါတ်အားကို မျှတစွာ ဖြန့်ဝေနိုင်ရေးအတွက် ယင်းကဲ့သို့ အလှည့်ကျစနစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသအလိုက် အချိန်ဇယားများအတိုင်း မီးပေးသွားမည် ဖြစ်ကာ ပြည်သူများ အနေဖြင့် မိမိတို့ဒေသအလိုက် မီးပေးမည့် အချိန်ဇယားများကို ကြိုတင်သိရှိထားရန် လိုအပ်ကြောင်း သိရသည်။

.

“အခုချိန်က မီးပျက်လို့ မီးစက်နှိုးရအောင်ကလည်း ဓါတ်ဆီက ဝယ်မရဆိုတော့ အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် အတော်ထိခိုက်မှာပါ” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

.

လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးရခြင်းကို နားလည်ခွင့်လွှတ် ပေးရန်နှင့် လျှပ်စစ်ဓါတ်အားကို စနစ်တကျ ချွေတာသုံးစွဲကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages