တောင်ကြီးမြို့နေ အမျိုးသမီး တစ်ဦး Happy Water လက်ဝယ်တွေ့ရှိမှုဖြင့် အောင်ပန်းတွင် အဖမ်းခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, March 30, 2026

တောင်ကြီးမြို့နေ အမျိုးသမီး တစ်ဦး Happy Water လက်ဝယ်တွေ့ရှိမှုဖြင့် အောင်ပန်းတွင် အဖမ်းခံရ

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်
ကလောမြို့နယ်၊ အောင်ပန်းမြို့အနီး၊ လွယ်မောကျေးရွာ၌ တောင်ကြီးမြို့နေ အမျိုးသမီး တစ်ဦး Happy Water လက်ဝယ်တွေ့ရှိမှုဖြင့် အဖမ်းခံရသည်ဟု သိရသည်။
.
ပြီးခဲ့သည့် မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ပူးပေါင်းအဖွဲ့သည် လွယ်မောကျေးရွာရှိ H20 KTV ရှေ့တွင် စောင့်ဆိုင်းနေစဉ် အောင်ပန်းမြို့တွင်းဘက်မှ လွယ်မောကျေးရွာဘက်သို့ မသင်္ကာဖွယ် လမ်းလျှောက်လာသူ အမျိုးသမီးကို ရပ်တန့်စစ်ဆေး ရှာဖွေရာ Global King စာတန်းပါ Happy Water (စိတ်ပြောင်းဆေးဝါး) အလေးချိန် ၅ ဂရမ်ခန့်ပါ အထုပ် ၁ ထုပ်၊ ကက်တမင်းဟု ယူဆရသော အဖြူရောင်အမှုန့် ၁ ထုပ်တို့ကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ အမျိုးသမီးမှာ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်နေသူ ဖြစ်ပြီး Happy Water (စိတ်ပြောင်းဆေးဝါး) များကို လက်ဝယ် ထားရှိခဲ့သည့်အတွက် အောင်ပန်းနယ်မြေရဲစခန်း၌ မူး/စိတ်ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်လှစ်ခံထားရကြောင်း သိရသည်။
.
 #KBZTai #Shan #News

No comments:

Post a Comment

Pages