စပါးစျေးမရ၍ တောင်သူများ အရှုံးပေါ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, March 30, 2026

စပါးစျေးမရ၍ တောင်သူများ အရှုံးပေါ်နေ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်

.

ပြည်သူများ၏ အဓိက စားသောက်ကုန် ဖြစ်သော ဆန်ဈေးများ တက်နေသော်လည်း စပါးဈေး မရသဖြင့် လယ်ယာစိုက် တောင်သူများ အရှုံးကြီး ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

လက်ရှိ စပါးဈေးမှာ တင်း ၁၀၀ လျှင် ငွေကျပ် ၁၃ သိန်းအောက်တွင်သာ ရှိနေပြီး ရိတ်သိမ်းခ၊ ဓာတ်မြေ ဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဖိုးနှင့် လုပ်သားခများကြောင့် လယ်သမားများမှာ မျိုးစပါးပင် မထားနိုင်၊ အခြောက်ခံခြင်းကိုပင် မပြုလုပ်နိုင်ဘဲ အစိုအတိုင်း ရောင်းချကာ အကြွေးများ ဆပ်နေကြရ သည်ဟု လယ်သမားများထံက သိရသည်။

.

“လယ်သမား ၁၀၀ မှာ ၉၀ လောက်က လက်ထဲ စပါးမရှိတော့ဘူး။ စပါးပေါ်ပေး အကြွေးတွေ ဆပ်လို့ ကုန်ပြီ။ နောက် မိုးစပါးလည်း မစိုက်နိုင်တော့ဘူး။ ဆန်ကျတော့ သယ်စရိတ်၊ ကြိတ်ခွဲခ၊ လုပ်သားခတွေ ကြောင့် တက်တယ်တဲ့၊ စပါးကြတော့ ဈေးမတက်ဘူး။ နိုင်ငံတော်အနေနဲ့ အောက်ခြေ လယ်သမားတွေကို စဉ်းစားသင့်ပါတယ်ဗျာ”ဟု လယ်သမား တစ်ဦးက ပြောသည်။

.

စပါး ရိတ်သိမ်းခမှာလည်း တစ်ဧကလျှင် ကျပ် ၂ သိန်းနီးပါး ဖြစ်နေကာ စက်သုံးဆီနှင့် မြေဆီခ စသည့် အထွေထွေကုန်ကျစရိတ် ဈေးနှုန်းမြင့်တက်မှုကြောင့် စပါးစိုက်လယ်သမားများမှာ လာမည့် မိုးရာသီတွင် စပါး စိုက်ပျိုးရန်ပင် အားမရှိတော့ကြောင်း လယ်သမားများက ပြောဆိုကြသည်။

.

ထို့အတူ အခြား လယ်သမား တစ်ဦးကလည်း “ စပါး စိုက်ရတာ စပါးတင်း ၁၀၀ ရောင်းရင်တောင်မှ ရွှေ တစ်ကျပ်သား၊ စက်ဆီ တစ်ပေပါတောင် မရတော့လို့ တွက်ချေမကိုက်တော့ဘူး။ စိုက်လည်း နောက်နှစ် မျိုးရဖို့နဲ့ ဝမ်းစာလောက်ပဲ စိုက်ကြတော့မယ်” ဟု ဆိုသည်။

.

စက်သုံးဆီ လိုအပ်ချက်ကြောင့် စိုက်ပျိုးရေးကဏ္ဍ တစ်ခုလုံး အကြပ်အတည်း ဖြစ်ပေါ်နေရာ လယ်သမား များ၏ လူမှုဘဝများလည်း နိမ့်ကျလျော့ပါး လာနေသကဲ့သို့ လာမည့် စိုက်ပျိုးရာသီများတွင်လည်း အထွက် နှုန်း လျော့ကျကာ ကုန်ဈေးနှုန်းကြီးမြင့်လာနိုင်ဖွယ် ရှိသည်ဟု ဈေးကွက်စီးပွားရေးသမားများက သုံးသပ် ထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages