ပရီမီယံဒီဇယ်ဈေး ကျပ်တစ်ထောင် ထပ်တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Friday, April 10, 2026

ပရီမီယံဒီဇယ်ဈေး ကျပ်တစ်ထောင် ထပ်တက်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်

.

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ယနေ့ ဧပြီလ ၁၀ ရက်အတွက် ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းဈေးများအရ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် တစ်ထောင်အထိ ထပ်မံ ဈေးတက်ခဲ့ပြီး အခြား ဓါတ်ဆီနှင့် ဒီဇယ်များလည်း ဈေးနှုန်းအနည်းငယ် ထပ်မံမြင့်တက်လာခဲ့ ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင် ယမန်နေ့က ၄၇၅၀ ကျပ် ဖြစ်ပြီး ယနေ့တွင် ၁၆၀ ကျပ် ထပ်တက်ကာ ၄၉၁၀ ကျပ် ဖြစ်လာခြင်း ဖြစ်သည်။

.

ထို့အတူ အောက်တိန်း 95 တစ်လီတာလျှင် ၄၉၀၅ ကျပ်မှ ၅၁၂၅ ကျပ်သို့လည်းကောင်း၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၅၈၀၀ ကျပ်မှ ၆၆၅၅ ကျပ်သို့လည်းကောင်း၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၉၃၀ ကျပ်မှ ၇၉၃၀ ကျပ်သို့လည်းကောင်း အသီးသီး မြင့်တက်လာခြင်းဖြစ်သည်။

.

အဆိုပါ ဈေးနှုန်းမှာ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် QR စနစ်ဖြင့် ရောင်းချပေးနေသည့် ရည်ညွှန်း ဈေးနှုန်းများသာ ဖြစ်ပြီး ပြင်ပတွင်မူ စက်သုံးဆီအရောင်းဆိုင်နှင့် နေရာဒေသအလိုက် ဈေးနှုန်း ကွာဟ နိုင်ကာ မှောင်ခိုဈေးကွက်များလည်း ပေါ်ထွက်လာနေပြီး ဓါတ်ဆီ တစ်လီတာလျှင် တစ်သောင်းကျပ် ကျော် အထိပင် ဈေးပေးဝယ်နေရကြောင်း သိရသည်။

.

No comments:

Post a Comment

Pages