.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊
မြို့သစ်ရပ်ကွက်တွင် ယနေ့ ဧပြီလ ၉ ရက်၊ နံနက် ၁၀ နာရီခွဲ ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.“ဘယ်က စလောင်တယ်ဆိုတာတော့ မသိဘူး။ မီးများတယ်။
လွိုင်လင်က မီးသတ်ကားတွေပါ လာကြတယ်။ အိမ် ၂ လုံး မီကူးစက်ပါတယ်” ဟု ပင်လုံမြို့နေ
ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မီးလောင်မှုဖြစ်ပွားရာသို့ လွိုင်လင်ခရိုင်နှင့်
ပင်လုံမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း
သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၂ လုံးနှင့်
ကားတစ်စီး မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံများက ပြောဆိုကြပြီး အတည်ပြုနိုင်ခြင်း
မရှိသေးချေ။
.
ပင်လုံမြို့တွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့်
မီးလောင်မှုတစ်ခုကြောင့် လူ ၄ ဦး အထိ သေဆုံးခဲ့ရသည့် ဖြစ်စဉ်
ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.


No comments:
Post a Comment