ရှမ်းပြည်နယ်၊
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ခု၌
ယာဥ်သက်သေခံလက်မှတ် အတုဖြင့် စက်သုံးဆီ ဝယ်ယူရန် တန်းစီနေသူကို
သက်သေခံပစ္စည်းများနှင့်အတူ ယမန်နေ့ ဧပြီလ ၁၅ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ယာဥ်သက်သေခံလက်မှတ်
အတုဖြင့် စက်သုံးဆီ ဝယ်ယူသူမှာ အေးသာယာမြို့၊ ရပ်ကွက်(၁၁)၊ စက်မှုဇုန်၌ နေထိုင်သူ
အောင်ဝေယံ ဖြစ်ပြီး မတ်လ ၂၆ ရက်နှင့် ဧပြီလ ၇ ရက်တို့တွင် ယာဥ်သက်သေခံ လက်မှတ်
အတုဖြင့် စက်သုံးဆီ ဝယ်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
" တရားလိုက တိုင်လို့ မိတာပါ။ တရားလိုက
နမ့်ဆီးဘက်က ကားဆရာပါ။ သူ့ရဲ့လိုင်စင်ကားနဲ့ ဆီထုတ်တဲ့အချိန်မှာ ထုတ်မရပါဘူး၊ ရွှေညောင်နဲ့
ညောင်ရွှေဘက်က ထုတ်သွားပါတယ်ဆိုပြီး ဆိုင် အတိအကျနဲ့ တိုင်တာပါ။" ဟု
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ
ယာဥ်သက်သေခံလက်မှတ် အတုဖြင့် စက်သုံးဆီ ဝယ်ယူသူ အောင်ဝေယံ အား ရွှေညောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ
၄၂၀/၄၆၈ ဖြင့် အမှုဖွင့်၍ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
.
#KBZTai #Shan #ShweNyaung

No comments:
Post a Comment