ချစ်ခင်
လေးစားအပ်ပါသော မိဘပြည်သူညီအကို မောင်နှမများ၊ ရှမ်းပြည်နယ်အတွင်းမှာ
မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း နှစ်သစ်မင်္ဂလာ
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။
.
၂၀၂၆
ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ကနေစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ကြီးမှူး
ကျင်းပခဲ့တဲ့ ၁၃၈၇ ခုမှ ၁၃၈၈ ခု သို့ ကူးပြောင်းတဲ့ မြန်မာ့ရိုးရာမဟာ
သင်္ကြန်ပွဲတော်ကြီးမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး ချစ်ခင်
ရင်းနှီးစွာ၊ စည်းလုံးညီညွတ်စွာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့အတွက် အထူးကျေးဇူး
တင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။
.
ယူနက်စကိုက
လူသားမျိုးနွယ်ဆိုင်ရာ ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုပြီး
ဖြစ်တဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကြီးကို အနှစ်သာရပြည့်ဝစွာ
ကျင်းပနိုင်ခဲ့ခြင်းဟာ ရှမ်းပြည်နယ်အစိုးရနဲ့ အတူ တိုင်းရင်းသား ပြည်သူတို့ရဲ့
ချစ်ကြည်ဖြူစွာ လက်တွဲခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းရဲ့ ရလဒ်ကောင်းများပဲ
ဖြစ်ပါတယ် ။
.
ကျွန်တော်တို့
အားလုံး နှစ်ဟောင်းမှာ ကောင်းဆိုး နှစ်တန် ဒွန်တွဲ ကြုံတွေ့ခဲ့ကြရတဲ့
အတွေ့အကြုံများ အပေါ်မှာ သင်ခန်းစာ ဖော်ထုတ်ပြီးတော့ နှစ်သစ်မှာ ကျန်းမာရေး၊
စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေမှာ အောင်မြင်မှုများ ပိုင်ဆိုင်နိုင်စေဖို့အတွက်
ဆောင်ရွက်ဖွယ်ရာတွေကို အကောင်းဆုံး ကြိုတင်ပြင်ဆင်သွား ကြဖို့ လိုအပ်မှာ
ဖြစ်ကြောင်းကိုလည်း တိုက်တွန်း ပြောကြားလိုပါတယ်။
.
နိဂုံးချုပ်အနေဖြင့်
၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်မှ စတင်ပြီးတော့ တိုင်းရင်းသား ပြည်သူများ
အနေနဲ့နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့်အတူ မင်္ဂလာနှစ်သစ်မှာ
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းတွေကို စိတ်သစ်လူသစ်နဲ့ တတ်စွမ်းသမျှ
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။
.
ရှမ်းပြည်နယ်အတွင်း
မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး နှစ်သစ်မှာ
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ အားလုံး
ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။
.
စိုင်းထိန်စိုး
ပြည်နယ်ဝန်ကြီးချုပ်
ရှမ်းပြည်နယ်အစိုးရအဖွဲ့
.
#KBZTai #Shan #Government

No comments:
Post a Comment