ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းသဝဏ်လွှာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, April 17, 2026

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းသဝဏ်လွှာ



မိဘပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး နှစ်သစ်ကူး အခါသမယတွင် ကိုယ်စိတ်နှစ်ပါး အေးမြချမ်းသာ၍ ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေကြောင်း ရှမ်းပြည်နယ်လွှတ်တော်မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

.

ယခုကာလသည် မြန်မာ့ယဉ်ကျေးမှုအယူအဆအနေဖြင့် နှစ်ဟောင်းမှ ပြုလုပ်မိသည့် မကောင်းသည့်အတွေး အပြုအမူနှင့် လုပ်ရပ်များကို အတာသင်္ကြန်ရေနှင့် ဆေးကြောပြီး နှစ်သစ်မှာ ကောင်းမွန်တဲ့အရာများနှင့် ပြန်လည်စတင်ဖို့ ပြင်ဆင်ကြတဲ့ကာလဖြစ်ပါသည်။

.

နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှု များစွာကို တိုင်းရင်းသားအားလုံး တစ်ဦးကို တစ်ဦး အားပေးကူညီ ရိုင်းပင်းပြီး ကျော်လွှားနိုင်ခဲ့သလို ၁၃၈၈ ခုနှစ် တစ်နှစ်တာ ကာလကိုလည်း ယခင်နှစ်ကထက် မလျော့သော တိုင်းရင်းသားအားလုံး၏ ညီညွတ်မှု၊ စည်းလုံးမှု၊ စုစည်းမှု စွမ်းပကားတို့ဖြင့် တစ်ဦးနှင့် တစ်ဦး မေတ္တာစိတ် ရှေ့ထား၍ ဖြတ်သန်းနိုင်မည်ဟု ယုံကြည်ပါသည်။

.

ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်၊ မျှော်လင့်ချက်များကို ကိုယ်စားပြုပါတီများ၏ ပေါင်းစည်းအင်အားဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် ရည်မှန်း ထားရှိပါသည်။

.

တိုင်းရင်းသား ပြည်သူအားလုံး အတာရေနှင့်အတူ အေးမြကြပါစေကြောင်း၊ နှစ်သစ်တွင် အောင်မြင်မှုများ၊ တိုးတက်မှုများနှင့် ကျန်းမာပြည့်စုံသော မိသားစု ဘဝများကို ဖန်တီးပုံဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် မိမိတို့၏ ပြည်နယ် ဖွံ့ဖြိုး တိုးတက်အောင် ပြည်သူ့အကျိုး၊ ဒေသအကျိုးကို ဝိုင်းဝန်းကြိုးပမ်း ထမ်းရွက် နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

.

စိုင်းလုံကျော်

ဥက္ကဌ

ရှမ်းပြည်နယ်လွှတ်တော်

No comments:

Post a Comment

Pages