ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ကျားဖြူပါတီ (SNDP) နှင့် PNO မှ တစ်ဦးစီ ပါဝင်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Tuesday, April 7, 2026

ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ကျားဖြူပါတီ (SNDP) နှင့် PNO မှ တစ်ဦးစီ ပါဝင်လာ



တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့သစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ အပြင် ရှမ်းနှင့်တိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) မှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်လာသည်ဟု သိရသည်။

.

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံထားရသူ စိုင်းထိန်စိုးက ယနေ့ ဧပြီလ ၇ ရက်တွင် ပြုလုပ်သော တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွက် ဝန်ကြီးဌာနများနှင့် ဝန်ကြီးများ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ ပြည်နယ်ဝန်ကြီးများ စာရင်းတွင် ရှမ်းနှင့်တိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီမှ မိုးနဲမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) နန်းခမ်းလူ အား လူမှုရေးရာဝန်ကြီးအဖြစ် လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) မှ ဆီဆိုင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ခွန်သန်းထူးအား လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအဖြစ် လည်းကောင်း အတည်ပြု ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

.

ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ ဖြစ်သော လားရှိုးမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဒေါက်တာလဆိုင်းကို စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးရာဝန်ကြီး အဖြစ် လည်းကောင်း၊ နမ့်စန်မြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ဦးလင်းအောင်ဆွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ တာချီလိတ်မြို့နယ် ကိုယ်စားလှယ်အမှတ် ( ၂) စိုင်းဝမ်းလှိုင်းတစ်ပ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ကလောမြို့နယ် ကိုယ်စားလှယ်အမှတ် (၁)  ခွန်ထွန်းဖြူကို စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိန်ဝင်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း အသီးသီး ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် အဆိုပါ ဌာနဝန်ကြီးများအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကချင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ဦးကိန်မိုင်၊ ကယန်း (ပဒေါင်) တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ဒေါ်အေးချိုစိန်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ဒေါ်ခင်ထွေးအောင်၊ လားဟူ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် ဦးဝီလ်ဆင်မိုးလီဆူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဒေါ်ငွေလှိုင် တို့အပြင် အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး အဖြစ် အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီမှ ဒေါ်တင်တင်ရီ၊ အာခါတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအဖြစ် အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးထွန်းအောင် တို့လည်း  ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages