BlackPink အဖွဲ့ဝင် ရို့စ်နဲ့ ဘရူနိုမားစ် တို့ရဲ့ APT သီချင်းကတော့ ယူကျု့မှာ ကြည့်ရှုသူ ၂ ဒသမ ၅ ဘီလီယံ အထိ ရောက်ရှိသွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်း တေးသီချင်း ဗီဒီယိုတွေအနက် အဲဒီစံချိန်ကို ပဉ္စမမြောက် အမြန်ဆုံး ရောက်ရှိခဲ့တဲ့ တေးသီချင်းဗီဒီယို အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
.
ဒီသီချင်းက ယူကျု့မှာ ထုတ်လွှင့်ခဲ့ပြီးတဲ့နောက် တစ်နှစ်၊ ၇ လနဲ့ ၇
ရက်အတွင်း ကြည့်ရှုသူပေါင်း ၂ ဒသမ ၅ ဘီလီယံ ရရှိသွားခဲ့တာပါ။
APT သီချင်းက အာရှအနုပညာရှင်တစ်ဦးရဲ့ တေးဂီတဗီဒီယိုတွေအနက် ၂
ဒသမ ၅ ဘီလီယံ ကြည့်ရှုမှုနှုန်းကို အမြန်ဆုံး ရခဲ့တဲ့
မှတ်တမ်းကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။
.
APT ရဲ့အရှေ့မှာ ၂ ဒသမ ၅ ဘီလီယံ
ကြည့်ရှုနှုန်းကို အမြန်ဆုံး ပိုင်ဆိုင်ခဲ့တဲ့ တေးသီချင်း ဗီဒီယိုတွေကတော့ လူးဝစ်ဖွန်ဆီ
ရဲ့ “Despacito”၊ အက်ဒ်ရှီယန်ရဲ့ “Shape of You”၊ မာရွန်း ဖိုက် ရဲ့ “Girls like you”၊ ဂျက်စတင်ဘီဘာရဲ့
“Sorry” တို့ ဖြစ်ကြပါတယ်။
.
ရို့စ်နဲ့ ဘရူနိုမားစ်က APT အောင်မြင်ပြီးတဲ့နောက်
နောက်ထပ် သီချင်းတစ်ပုဒ်ကို နှစ်ယောက် ပေါင်းပြီး လုပ်နေသေးတဲ့ အကြောင်း
အသိပေးခဲ့ပေမယ့်လည်း လက်ရှိ အချိန်အထိတော့ သီချင်းအသစ်က ထွက်လာခြင်း
မရှိသေးပါဘူး။
.
Source : KoreaBoo
.
#KBZTai #Shan #Kpop #Entertainment

No comments:
Post a Comment