.
၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်
.
ဂျပန်နိုင်ငံရဲ့နာမည်ကျော်တေးဂီတအဖွဲ့အစည်းဖြစ်တဲ့
(RIAJ) ရဲ့ပလက်တီနမ်မှတ်တမ်းဆုကို တောင်ကိုရီးယား အမျိုးသမီးကေပေါ့ပ်အဖွဲ့ဖြစ်တဲ့
BlackPink နဲ့ အမျိုးသား ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BTS တို့က ရရှိသွားခဲ့ကြပါတယ်။
.
.RIAJ ဆိုတာက ဂျပန်မှာ ဩဇာကြီးတဲ့
ဂီတအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အမေရိကန်ရဲ့တေးသံသွင်းအဖွဲ့အစည်း RIAA နဲ့တောင် နှိုင်းယှဉ်ပြီး ပြောရတဲ့အနေအထားပါ။
.
RIAJ က ၂၀၂၀ ခုနှစ်က စတင်ပြီး အွန်လိုင်းကနေ
သီချင်းထုတ်လွှင့်မှုတွေအတွက် အစီအစဉ်သစ်တစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒီစနစ်အရ
သီချင်းတစ်ပုဒ်အနေနဲ့ နားဆင်မှုအကြိမ်ရေ သန်း ၃၀ ကျော်ရင် ငွေအဆင့်၊ သန်း ၅၀
ကျော်ရင် ရွှေအဆင့်နဲ့ သန်း ၁၀၀ ကျော်ရင်တော့ ပလက်တီနမ်အဆင့် ဆိုပြီး
သတ်မှတ်ခဲ့တာပါ။
.
ဒီလထဲမှာပဲ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ BTS
ရဲ့ “Let Go” သီချင်းနဲ့ BlackPink ရဲ့ ၂၀၁၇ ခုနှစ်ထွက် “As if it’s Your last” ဂျပန်ဗားရှင်းသီချင်းတွေက
နားဆင်မှုအရေအတွက် သန်း ၁၀၀ ကျော်သွားခဲ့တာကြောင့် ပလက်တီနမ်အသိအမှတ်ပြုလက်မှတ်ကို
ရရှိသွားကြတာပဲဖြစ်ပါတယ်။
.
ကေပေါ့ပ်ပရိသတ်တွေကတော့ RIAJ မှာ ပလက်တီနမ်အဆင့် ရသွားတာက ကြီးကျယ်တဲ့ အဆင့်တစ်ခုပဲ ဖြစ်ပြီး
ဂျပန်ဈေးကွက်မှာ ကေပေါ့ပ်အဖွဲ့တွေရဲ့ လွှမ်းမိုးမှု ဘယ်လောက်ရှိတယ်ဆိုတာကို
မြင်တွေ့နေကြရ တာလည်း ဖြစ်ပါတယ်။
.
ဂျပန်နိုင်ငံမှာတော့ Twice နဲ့ Blackpink တို့က လူကြိုက်အများဆုံး
အမျိုးသမီးကေပေါ့ပ်အဖွဲ့နေရာကို လုနေကြပြီး စစ်တမ်းတွေအရတော့ မန်ဘာတွေထဲမှာ
ဂျပန်မန်ဘာ ၃ ဦးပါဝင်တဲ့ Twice က ထိပ်ဆုံး နေရာမှာ
ရှိနေတာပါ။
.

No comments:
Post a Comment