မော်ရင်ဟိုက ရီးယဲလ်နည်းပြ ရာထူးကို လက်ခံဖို့ ဘင်ဖီကာနည်းပြ အဖြစ်ကနေ နုတ်ထွက်ခဲ့တာပါ။ ရီးယဲလ် ဥက္ကဌ ပီရက်ဇ်နဲ့လည်း ဆွေးနွေး ပြီးကြပြီမို့ ရာသီကုန်တာနဲ့ မော်ရင်ဟိုအနေနဲ့ ရီးယဲလ်နည်းပြအဖြစ် လက်ခံ လိုက်ဖို့ပါပဲ။
.
မော်ရင်ဟို ရီးယဲလ်နည်းပြ ဖြစ်လာပြီဆိုတဲ့အကြောင်းကို ဒီနေ့မှာ
ကြော်ငြာသွားဖို့ ရှိနေပေမယ့်လည်း မထင်မှတ်ထားတဲ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့
ရီးယဲလ်အသင်း ဥက္ကဌရာထူး အတွက် ရွေးကောက်ပွဲပါ။
.
ဒီနှစ်မှာတော့ ပီရက်ဇ်ရဲ့ ဥက္ကဌ ရာထူးကို ရီကွယ်မီးက
စိန်ခေါ်နေတာကြောင့် ဥက္ကဌ ရွေးချယ်မှုအတွက် မဲပေးပြီး ရွေးကောက်ပွဲ လုပ်ဖို့
ဖြစ်လာခဲ့ပါတယ်။ ဒီတော့ မော်ရင်ဟိုအတွက် ကြေညာချက်ကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။
.
အန်းနရစ် ရီကွယ်မီးက ပီရက်ဇ်ကို စိန်ခေါ်ဖို့အတွက် ဘာနေဗျူး ရှေ့မှာ
ရွေးကောက်ပွဲဌာနချုပ် ဖွင့်လိုက်ပြီး အပြိုင် ကြဲမှာပါ။ ဒီရာသီမှာ
ရီးယဲလ်အောင်မြင်မှု မရခဲ့တာတွေက ပီရက်ဇ်ရဲ့ ကာလရှည် လွှမ်းမိုးခဲ့တဲ့ ဥက္ကဌ နေရာကို
ခြိမ်းခြောက်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။
.
တကယ်လို့သာ ရီကွယ်မီး နိုင်သွားခဲ့ရင် မော်ရင်ဟို ကို နည်းပြရာထူး ခန့်ဖို့က
မသေချာမှုတွေ ဖြစ်သွားမှာမို့ မော်ရင်ဟိုလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတာပါ။ အခုတော့
မော်ရင်ဟို က လစ္စဘွန်းကို ပြန်သွားခဲ့ပါပြီ။ ဇွန်လ ၇ ရက်မတိုင်ခင် အထိတော့ သူ
စောင့်ပေးမယ်လို့ ပြောဆိုထားပြီး အဲဒီမတိုင်ခင်မှာပဲ ရွေးကောက်ပွဲ ရလာဒ်က
ထွက်လာဖို့ ရှိနေတာပါ။
.
ဒီရာသီမှာ ဘင်ဖီကာအသင်းကို ရှုံးပွဲ မရှိအောင်
စွမ်းဆောင်ပေးထားခဲ့ပြီး၊ ရီးယဲလ်နည်းပြ လုပ်ရမယ် ဆိုတာကြောင့် ဘင်ဖီကာ ကို
ခြေစုန်ကန်ခဲ့တဲ့ မော်ရင်ဟို၊ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကတော့။ ။
.
Source
– ESPN
.
#KBZTai #Shan #Football #Mourinho

No comments:
Post a Comment