ဒီရာသီ ပရီးမီးယားလိဂ်ရဲ့
တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မန်ယူ အသင်းခေါင်းဆောင် ဘရူနို
ဖာနန်ဒက်စ်က ဆွတ်ခူးသွားခဲ့ပါတယ်။
ဘရူနိုက ဒီဆုအတွက် အာဆင်နယ်ကစားသမားတွေနဲ့ မန်စီးတီး
ကစားသမားတွေကို ကျော်ဖြတ်ခဲ့ရပြီး
မန်စီးတီးရဲ့
ချာကီ၊ အာဆင်နယ်ရဲ့ ရိုက်စ် တို့ဟာ အကောင်းဆုံး
ဆုအတွက် ဘရူနိုနည်းတူ ရေပန်းစားခဲ့ကြတာပါ။
.
ဒီရာသီ ပရီးမီးယားလိဂ်မှာ ၈ ဂိုး
သွင်းပြီး ဂိုး ဖန်တီးမှုအကြိမ်
၂၀ ပြုလုပ်ကာ ဂိုး
ဖန်တီးမှု စံချိန်တစ်ခု ရယူခဲ့တဲ့ ဘရူနိုက ပရီးမီးယားလိဂ်
ချန်ပီယံ ဖြစ်သွားတဲ့ အာဆင်နယ် ကွင်းလယ်လူ
ရိုက်စ်နဲ့ ဒီဆုအတွက် လုခဲ့ကြရတာပါ။
.
ဘရူနိုဟာ အားကစား
ကလောင်ရှင်တွေက ရွေးချယ် ချီးမြင့်တဲ့
ပရီးမီးယားလိဂ်
တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု၊
The Athletic က ပရီးမီးယားလိဂ်
သတင်းထောက်တွေ ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမား ဆုတွေကိုပါ ရရှိခဲ့ပြီး အခုနောက်ဆုံးမှာ တစ်နှစ်တာ
အကောင်းဆုံး ကစားသမားဆုကိုပါ
ဆက်လက် ပိုင်ဆိုင်ခဲ့တာပါ။
.
ပရီးမီးယားလိဂ်ရဲ့
တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို အဆင့် ၂ ဆင့်
ပေါင်းပြီး ရွေးချယ် ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ပထမအဆင့်မှာ ပရိသတ်တွေက အွန်လိုင်း
မဲပေးမှုနဲ့ မဲပေးရတာပါ။ ဒုတိယ အဆင့်မှာတော့ ဘောလုံး
ကျွမ်းကျင်သူတွေ ဖြစ်ကြတဲ့ ဘောလုံးပွဲ သုံးသပ်သူတွေ၊
ခန့်မှန်းသူတွေ၊ ကစားသမားဟောင်းတွေနဲ့ သတင်းထောက်တွေက မဲပေးကြတာပါ။ နောက်ဆုံးရလာဒ်ကိုတော့ ပရိသတ်မဲနဲ့ ကျွမ်းကျင်သူတွေရဲ့
မဲ နှစ်ခုကို ပေါင်းစပ် တွက်ချက်ပြီး ကြေညာတာ ဖြစ်ပါတယ်။
.
#KBZTai #Shan #Football #ManU #Bruno
Sunday, May 24, 2026
ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆုကို ဘရူနိုဖာနန်ဒက်စ် ဆွတ်ခူး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment