ကွန်ဂိုနိုင်ငံမှာ အီဘိုလာကြောင့် သေဆုံးသူ ၂ ဆ နီးပါး မြင့်တက်လာပြီးတဲ့နောက် နိုင်ငံတွင်း ရောဂါ ပျံ့နှံ့မှုအတွက် အန္တရာယ်အဆင့်ကို အမြင့်ဆုံးအဆင့် အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတ်မှတ်လိုက်ပါတယ်။
.
လက်ရှိမှာတော့ ကွန်ဂိုနိုင်ငံတွင်းမှာ အီဘိုလာကြောင့် သေဆုံးသူ ၁၇၇ ဦး
ကျော်သွားခဲ့ပြီ ဖြစ်ပြီး သံသယရှိ ရောဂါကူးစက်မှု ၇၅၀
နီးပါး ရှိသွားခဲ့ပါပြီ။
.
ကျွမ်းကျင်သူတွေကတော့ ဒီရောဂါ ဟာ အချိန်တစ်ခု
ကြာတဲ့အထိ တိတ်တဆိတ် ပျံ့နှံ့နေခြင်းဖြစ်တဲ့ အကြောင်း မှတ်ချက်
ပေးထားကြပြီး အီဘိုလာရဲ့ ရှားပါးတဲ့ မျိုးကွဲလို့လည်း သတ်မှတ်ထားကြတာပါ။ ဒီ ရှားပါး
မျိုးကွဲအတွက် ကာကွယ်ဆေး ရှာ မတွေ့သေးသလို၊ ကုသနိုင်မှုလည်း မရှိသေးပါဘူး။
.
ကျန်းမာရေးဝန်ထမ်းတွေက ရောဂါပျံ့နှံ့မှု အခြေအနေကို လက်လှမ်းမီဖို့ ခက်ခက်ခဲခဲ
ကြိုးပမ်းနေကြရပြီး ကူးစက်ခံရတယ်လို့
ယူဆရသူတွေကို ရှာဖွေဖို့ ကြိုးစားနေကြပေမယ့် တချို့
နေရာတွေက လုံခြုံရေးအရ အန္တရာယ်ရှိတဲ့ နေရာတွေ ဖြစ်နေကြတာပါ။
.
ကွန်ဂိုမှာ အလုပ်လု
ပ်နေတဲ့ အမေရိကန်နိုင်ငံသား
တစ်ဦးမှာ အီဘိုလာ
ရောဂါပိုး တွေ့ရှိခဲ့တာကြောင့်
ကုသမှုခံယူဖို့ ဂျာမနီကို
ပို့ထားရပြီး ထိတွေ့သူအဖြစ် သတ်မှတ်ထားတဲ့ အခြား
အမေရိကန် တစ်ဦးကိုလည်း ချက်သမ္မတနိုင်ငံဆီကို
ပို့လိုက်ရပါတယ်။
.
လက်ရှိမှာတော့ ကွန်ဂိုနိုင်ငံကနေ
တစ်ဆင့် ရောက်လာတဲ့ ခရီးသွားတွေကို ပြည်ဝင်ခွင့်
ကန့်သတ်နေကြပြီး ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်နေကြပါတယ်။
.
ကုသမှုနဲ့ ကာကွယ်ဆေး
မရှိသေးတဲ့ အခြေအနေ ဖြစ်တာကြောင့်
ရောဂါ ကူးစက်သူတွေနဲ့ ထိတွေ့
ခံရသူတွေကို ရှာဖွေပြီး ၂၁
ရက် သီးခြားခွဲထားခြင်းကသာ အကောင်းဆုံး တားဆီးနည်း
ဖြစ်တဲ့အကြောင်း ကွန်ဂို ရဲ့ WHO ကိုယ်စားလှယ်
အန်ဆီယာ က ဆိုပါတယ်။
.
#KBZTai #Shan #Congo #Ebola #International

No comments:
Post a Comment