မြန်မာနိုင်ငံအတွင်း ပဋိပက္ခနှင့် နေရပ်စွန့်ခွာရမှုဒဏ်ကို
ပြင်းထန်စွာ ခံစားနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက်
ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ဥရောပသမဂ္ဂ (EU)
လူသားချင်း စာနာထောက်ထားမှု အကူအညီဖြင့် ယူရို ၁ ဒသမ ၃ သန်း
ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။
.
“Safe and Whole” ဘေးကင်း လုံခြုံပြီး ပြည့်စုံခြင်း ဟု အမည်ရသည့်
အဆိုပါ စီမံကိန်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊
ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ အကျပ် အတည်း ဒဏ်ခံ
အမျိုးသမီးနှင့် မိန်းကလေးငယ် ၇၅၃၈၁ ဦး အပါအဝင် စုစုပေါင်း ၈၄၄၇၁ ဦးတို့ထံ
အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ဖြစ်ပွားနေသော ပဋိပက္ခများ၊
မလုံခြုံမှုများနှင့် ဝန်ဆောင်မှုလမ်းကြောင်းများ ပြတ်တောက်နေမှုကြောင့်
ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ဘေးကင်း စိတ်ချရသော မီးဖွားခြင်း ဝန်ဆောင်မှုများ
ရရှိရန် ရုန်းကန်နေရပြီး၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) မှ လွတ်မြောက်လာသူ များအနေဖြင့်လည်း လျှို့ဝှက် စိတ်ချရသော
ကူညီပံ့ပိုးမှုများ ရယူနိုင်ရန် အတားအဆီးများနှင့် ရင်ဆိုင်နေရကြောင်း UNFPA
Myanmar က ထုတ်ပြန်ထားသည်။
.
ယခု စီမံကိန်းမှ တစ်ဆင့် UNFPA နှင့် မိတ်ဖက် အဖွဲ့အစည်းများသည်
ဘေးကင်းသော ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု၊ မိသားစု စီမံကိန်း၊ မရှိမဖြစ် လိုအပ်သော
မျိုးပွားကျန်းမာရေးသုံး ပစ္စည်းများ ဖြန့်ဝေခြင်း၊ အကြမ်းဖက် ခံရသူများအတွက်
ဆေးဝါး ကုသမှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု
ပေးခြင်း၊ ဂုဏ်သိက္ခာထိန်းသိမ်းမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ
ထောက်ပံ့ခြင်းနှင့် အရေးပေါ် အခြေအနေ ကြုံတွေ့နေရသူများအတွက် ရည်ရွယ်သည့် ငွေကြေး ထောက်ပံ့မှုများကို
အဆိုပါ အကျပ် အတည်းဖြစ်ပွားရာ ဒေသများရှိ လူမှုအသိုက်အဝန်းများထံ
ထောက်ပံ့ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အကျပ်အတည်းများကြောင့် ထိခိုက်ခံစားရသော အမျိုးသမီးများနှင့်
မိန်းကလေးငယ်များအတွက် ဘေးကင်းပြီး လျှို့ဝှက်သော စောင့်ရှောက်မှုကို အချိန်မီ ရရှိခြင်းသည်
အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း ကွာခြားချက်ကို ဖြစ်စေနိုင်သည်ဟု UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Jaime Nadal Roig က ပြောကြားခဲ့သည်။
.
စီမံကိန်းလုပ်ငန်းစဉ် အားလုံးကို ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းများ၊
အမျိုးသမီးအဖွဲ့အစည်းများ၊ ကျန်းမာရေးကဏ္ဍမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ
ဆိုးကျိုးမဖြစ်စေရမူ၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ထိခိုက် ခံစားရသူကို ဗဟိုပြုသည့်
မူဝါဒများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေးများ၊
ကိုယ်ဝန်ဆောင် မိခင်များ၊ နေရပ် စွန့်ခွာရသူများနှင့် မသန်စွမ်းသူများ၏
ဘေးကင်းလုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှုကို အလေးထား ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း UNFPA Myanmar က ထုတ်ပြန်ထားသည်။
.
#KBZTai #Local #UNFPA
Saturday, May 23, 2026
Home
UN
ပြည်တွင်းသတင်း
မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် UNFPA က ယူရို ၁ ဒသမ ၃ သန်း ထောက်ပံ့ ကူညီမည်
မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် UNFPA က ယူရို ၁ ဒသမ ၃ သန်း ထောက်ပံ့ ကူညီမည်
Tags
# UN
# ပြည်တွင်းသတင်း
Share This
About Kanbawza Tai News
ပြည်တွင်းသတင်း
Tags
UN,
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
.jpg)
No comments:
Post a Comment