အီရန်ဆိုရင် တည်းခိုခွင့် မပေးချင်တဲ့ အမေရိကန်ကြောင့်၊ ကမ္ဘာ့ဖလားကန်မယ့် အီရန်အသင်း ဒုက္ခရောက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 27, 2026

အီရန်ဆိုရင် တည်းခိုခွင့် မပေးချင်တဲ့ အမေရိကန်ကြောင့်၊ ကမ္ဘာ့ဖလားကန်မယ့် အီရန်အသင်း ဒုက္ခရောက်



လာမယ့် ကမ္ဘာ့ဖလားမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အီရန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားပွဲစဉ် ကာလအတွင်း မက္ကဆီကို နိုင်ငံမှာသာ နေထိုင်ပြီး ပွဲကစားရမယ့် နေ့တွေမှာသာ အမေရိကန်ကို သွားရောက် ကစားရမယ့်အကြောင်း မက္ကဆီကို သမ္မတ ရှိန်းဘန်း က ပြောဆိုလိုက်ပါတယ်။
.
ရှိန်းဘန်း ရဲ့ ပြောဆိုမှုအရ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က မက္ကဆီကို အစိုးရဆီကို ဆက်သွယ်လာခဲ့တာ ဖြစ်ပြီး အမေရိကန် အာဏာပိုင်တွေက ဇွန် ၁၁ ကနေ ဇူလိုင် ၁၉ အထိ ပြိုင်ပွဲ ကာလတစ်လျောက် အီရန်အသင်းကို အမေရိကန်မှာ တည်းခိုခွင့် မပေးချင်ကြောင်း ပြောခဲ့တယ်လို့ သိရတာပါ။
အဲဒါကြောင့် မက္ကဆီကို နိုင်ငံမှာ နေထိုင်ရဖို့ ဖြစ်လာခဲ့ပြီး အီရန် ပါဝင် ကစားရမယ့် အုပ်စု G ရဲ့ ပွဲစဉ် ၃ ပွဲစလုံးကိုတော့ အမေရိကန်မှာပဲ ကစားဖို့ စီစဉ်ထားပါတယ်။
.
အီရန်အသင်း မက္ကဆီကိုမှာ နေမယ်ဆိုလည်း ကျွန်မတို့မှာ ငြင်းစရာ မရှိပါဘူး” လို့ ရှိန်းဘန်းက သူမရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
.
အီရန်အသင်းက ဇွန်လ ၁၅ ရက်မှာ နယူးဇီလန်အသင်း၊ ဇွန်လ ၂၁ ရက်မှာ ဘယ်လ်ဂျီယံအသင်းတို့နဲ့ လော့စ်အိန်ဂျလိစ်မှာ ကစားရဖို့ ရှိပြီး၊ ဇွန်လ ၂၆ ရက်နေ့မှာ အီဂျစ်အသင်းနဲ့ ဆီယက်တယ် မှာ ကစားရမှာပါ။
.
ဒေါ်နယ်ထရမ့်ကတော့ အီရန်အသင်းကို ဒီလိုမျိုး မနေခိုင်းတာက အီရန်ကစားသမားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကြောင့် ဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။ အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မာဒီတက် ကတော့ အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို မက္ကဆီကို နယ်စပ်မြို့ ဖြစ်တဲ့ တီဂျုဟွားနား ဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ အကြောင်း အတည်ပြုပေးလိုက်ပါတယ်။
.
တက် က ဒီအစီအစဉ်ကြောင့် ဗီဇာဆိုင်ရာ ပြသနာတွေကို ရှောင်ရှားနိုင်မယ့် အပြင် အီရန်လေကြောင်းလိုင်းရဲ့ တိုက်ရိုက် ခရီးစဉ်တွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

.
ပြီးခဲ့တဲ့ ဧပြီလမှာတုန်းက ထရမ့်ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဇမ်ပါအိုလီ က အီရန်ကို ကမ္ဘာ့ဖလား ကစားခွင့် မပေးဘဲ အီရန်ရဲ့နေရာမှာ အီတလီကို အစားထိုးသင့်တယ်လို့ တောင်းဆိုခဲ့ပေမယ့် အီတလီက ငြင်းဆန်ခဲ့သလို FIFA ကလည်း ခွင့်ပြုပေးခြင်း မရှိခဲ့ပါဘူး။

.
Source : CNN

.
#KBZTai #Shan #Iran #WorldCup #Football

 

No comments:

Post a Comment

Pages