အီတလီ ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ ဖာရာရီကတော့ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး EV ကားကို ထုတ်လုပ်လိုက်ပြီး အဲဒါကလည်း
ဒေါ်လာ ၆၄၀၀၀၀ အထိ တန်ကြေး ရှိတာမို့ တော်တော်လေး ဈေးမြောက်တဲ့ ကားလို့
ပြောရမှာပါ။
.
တံခါး လေးပေါက် ပါဝင်တဲ့ ဒီကားကို Apple ရဲ့
ဒီဇိုင်း အဖွဲ့ခေါင်းဆောင်ဟောင်း ဂျိုနီ အိဗ် နဲ့ သူ့ရဲ့အဖွဲ့က ဒီဇိုင်း ဆွဲပေးထားတာ
ဖြစ်ပြီး ဖာရာရီရဲ့ ပထမဆုံး လူ ၅ ယောက် စီးနိုင်တဲ့ ကားလည်း ဖြစ်ပါတယ်။
.
ဖာရာရီက ချမ်းသာတဲ့ ဖောက်သည်တွေကိုပဲ ပစ်မှတ်ထားဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး
သက်သောင့်သက်သာ ရှိတဲ့ ထိုင်ခုံတွေ၊ အဆင့်မြင့် နည်းပညာတွေအပြင် ဆီ ၆၀၀
လီတာဆန့်တဲ့ ဆီတိုင်ကီ ကိုပါ ထည့်သွင်း ပေးထားပါတယ်။
.
“ ဒီကားက ၅ နှစ်ကြာ ကြိုးစား ဖန်တီးထားတဲ့ ရလာဒ်ပါ” လို့ ဖာရာရီရဲ့ အမှုဆောင်အရာရှိ
ဗစ်ဂ်နာ က ရောမမြို့မှာ စုဝေးနေတဲ့ သတင်းထောက် ၂၀၀ ကျော်ကို ပြောပါတယ်။
.
EV ကား ဆိုပေမယ့်လည်း သဘာဝ တုန်ခါသံတွေကို
တိုးမြှင့်ပေးထားတာကြောင့် ဖာရာရီကားတွေရဲ့ ခံစားမှုအတိုင်းပဲ ဆက်ပြီး
မောင်းနှင်ခွင့် ရမှာပါ။ ဖာရာရီကတော့ AI ခေတ်မှာ
ကြီးပြင်းလာပြီး ဆလင်ဒါ ၁၂ လုံး ထိုးတွေ၊ ၈ လုံးထိုးတွေကို မကြိုက်သူတွေအတွက်
ဒီလိုကားမျိုးက အကောင်းဆုံးပဲလို့ ညွှန်းထားပါတယ်။
.
ဖာရာရီက ဒီကားကို EV အသုံးပြုမှု ကျယ်ပြန့်ပြီး
ဆီကားတွေကို အခွန် မြင့်ကောက်တဲ့ တရုတ်လို ဈေးကွက်ထဲ ပိုမို ထည့်သွင်းနိုင်ဖို့
မျှော်လင့်နေတာပါ။
.
Luce လို့ အမည်ပေးထားတဲ့ ဒီကားက ဘီး တစ်ဘီးစီအတွက် လျှပ်စစ်မော်တာ ၄
လုံး တပ်ဆင်ထားပြီး မြင်းကောင်ရေအား ၁၀၀၀ ကျော် ထုတ်ပေးနိုင်သလို အမြန်နှုန်းကလည်း
တစ်နာရီကို ၃၁၀ ကီလိုမီတာအထိ မောင်းနှင်နိုင်တာပါ။ ဒါ့အပြင် တစ်ကြိမ် အားသွင်းပြီးတိုင်း
ကီလိုမီတာ ၅၀၀ ကျော် မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။
.
ကား မိတ်ဆက်ပွဲမှာ အနီရောင်ကနေ အဖြူနဲ့ အပြာဖျော့ရောင် အထိ အရောင် မတူတဲ့
ကား ၅ စီးကို မိတ်ဆက်ခဲ့တာပါ။ ဖာရာရီရဲ့ ရိုးရာဒီဇိုင်းလို့ ပြောရမယ့် စပေါ့ကား
ပုံစံတွေကနေ ခွဲထွက်ထားပြီး ကိုယ်ထည် ပို ကြီးလာသလို မှန်ဒီဇိုင်းတွေကိုလည်း
ပိုပြီး အသုံးပြုထားတာပါ။
.
ကားရဲ့ အတွင်းပိုင်းမှာတော့ လယ်သာ၊ ဖန်နဲ့ အလူမီနီယံမျက်နှာပြင်
တွေကို အသုံးပြုထားပြီး၊ EV ကား အများစုမှာ ပါတဲ့ ပုံစံလို TouchScreen
ပုံစံမျိုး အားလုံး ပြင်ဆင်ထားတာ မဟုတ်ဘဲ
ကိုယ်တိုင် ထိတွေ့ အသုံးပြုရတဲ့ ထိန်းချုပ်စနစ်တွေကိုလည်း
ထည့်သွင်းပေးထားပါသေးတယ်။
.
Source : CNN
.
#KBZTai #Shan #Ferrari #International

No comments:
Post a Comment