ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ယမန်နေ့ မေလ ၂၁ ရက်၊ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်း တိုက်ခတ်မှုကြောင့် ပျက်ဆီးမှု အချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
“ တချို့အိမ်တွေက
သွပ်မိုးတွေ ပါသွားတာတော့ ရှိတယ်။ အပင်တွေ ကျိုးကျတာ၊ လဲတာ ဖြစ်တော့ ဓါတ်ကြိုး ပြတ်တောက်တာတွေ
ရှိတယ်။ ဆေးရုံဝန်းထဲက ပိတောက်ပင် လဲတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေတော့ မရှိပါဘူး။” ဟု ဆီဆိုင်မြို့နေ
ဒေသခံ တစ်ဦးက ပြောသည်။
.
မြကန်သာရပ်ကွက်၊
မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကား ဂိုဒေါင်ပေါ်သို့
ပိတောက်ကိုင်း ကျိုးကျမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့သည်ဟုလည်း
မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
.
ထို့အပြင်
ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊
ကောင်ဝါးတောင်ကျေးရွာနှင့် ၂ မိုင်ခန့် အကွာ၌ မေလ ၂၁ ရက်၊ နေ့လယ် ၂ နာရီခန့်က
မိုးကြိုးစက်ကွင်း ထိမှန်၍ နွားကောင်ရေ ၅၀
ခန့် သေဆုံးခဲ့ရကြောင်းလည်း သိရသည်။
.
#KBZTai #Shan #HsiHseng


No comments:
Post a Comment