ရိုးရာအနှိပ်ဆိုပြီး လိင်ဝန်ဆောင်မှုပေးနေတဲ့ မြန်မာ ၄ ဦးပါ အနှိပ်ခန်းကို ထိုင်းရဲတွေဝင်ဖမ်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 22, 2026

ရိုးရာအနှိပ်ဆိုပြီး လိင်ဝန်ဆောင်မှုပေးနေတဲ့ မြန်မာ ၄ ဦးပါ အနှိပ်ခန်းကို ထိုင်းရဲတွေဝင်ဖမ်း

.

၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်

.

ထိုင်းနိုင်ငံ၊ ရာယောင်းပြည်နယ်မှာ တရုတ်လူမျိုးတွေ ဖွင့်လှစ်ထားတဲ့ ကျန်းမာရေး အနှိပ်ခန်းတစ်ခုကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ရိုးရာအနှိပ်ခန်းအဖြစ် ဟန်ဆောင်ကာ နိုင်ငံခြားသားတွေကို တရားမဝင်လိင်ဝန်ဆောင်မှု ပေးနေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

.

.

ထိုင်းရဲချုပ် ဖမ်ဖတ် ရဲ့ ပြောဆိုချက်အရတော့ ဒီလိုအနှိပ်ခန်းတွေဟာ တရားမဝင် နိုင်ငံခြားအလုပ်သမား တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်မှတ်ထားနေတာဖြစ်ပြီး နိုင်ငံရဲ့ပုံရိပ်ကို ကျဆင်းစေတယ်လို့ သိရတာပါ။ ဒီအနှိပ်ခန်းကို လာသူတွေထဲမှာမှ တရုတ်လူမျိုးဖောက်သည်တွေနဲ့ တောင်းဆိုမှုရှိတဲ့ နိုင်ငံခြား အလုပ်သမားတွေက လိင်ဝန်ဆောင်မှုကို ရယူနိုင်ပြီး မိနစ် ၅၀ အတွက် ဘတ် ၄၅၀၀ ပေးရတာပါ။

.

ထိုင်းရဲတပ်ဖွဲ့က အသွင်ယူရဲတစ်ဦးကို ဝန်ဆောင်မှု ရယူဖို့အတွက် စေလွှတ်ခဲ့ပြီး ဗီယက်နမ်အမျိုးသမီး ၂ ဦီးက လိင်ဝန်ဆောင်မှုပေးဖို့ ပြင်ဆင်နေချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

.

အနှိပ်ခန်းက ၃ ထပ်အဆောင်အဦးမှာ ဖွင့်လှစ်ထားတာဖြစ်ပြိး ဒုတိယနဲ့ တတိယထပ်တွေမှာ ဝန်ဆောင်မှု ပေးတဲ့ အခန်း ၁၀ ခန်းကျော်ကို တွေ့ရှိခဲ့ရတာပါ။

.

အာဏာပိုင်တွေက စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ တရုတ်လူမျိုး ၂ ဦး၊ မြန်မာ ၄ ဦးနဲ့ ဗီယက်နမ် ၂ ဦီးပါဝင်ပါတယ်။ အနှိပ်ခန်းရဲ့ပိုင်ရှင်ကတော့ တရုတ်လူမျိုးဖြစ်ပြီး ဖမ်းမိသူအားလုံးကို ပြည့်တန်ဆာ ကာကွယ်နှိမ်နှင်းရေးနဲ့ နိုင်ငံခြားအလုပ်သမား စီမံခန့်ခွဲရေးဥပဒေအောက်မှာ တရားစွဲဆိုထားတာပါ။

.

အနှိပ်ခန်းမှာ တွေ့ရတဲ့ အမျိုးသမီးဝန်ထမ်းအားလုံးကို အတင်းအဓမ္မအလုပ်စေခိုင်းမှု ရှိ/မရှိ၊ လူကုန်ကူးခံရမှု ရှိ/မရှိ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ ဒီဝန်ထမ်းတွေထဲမှာ လူကုန်ကူးခံရသူအဖြစ် သတ်မှတ်နိုင်သူ မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

.

No comments:

Post a Comment

Pages