နေမာ ဦးဆောင်တဲ့ ဘရာဇီးအသင်း လူစာရင်း ထွက်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 19, 2026

နေမာ ဦးဆောင်တဲ့ ဘရာဇီးအသင်း လူစာရင်း ထွက်လာ



ဒဏ်ရာရနေတဲ့ နေမာကို ရွေးပြီး ချယ်လ်ဆီး တိုက်စစ်မှူး ဂျာအိုပက်ဒရို ကို ချန်လှပ်ခဲ့တဲ့ ဘရာဇီးရဲ့ ကမ္ဘာ့ဖလား လူစာရင်း ထွက်ပေါ်လာခဲ့ပါပြီ။ နည်းပြ အန်ဆယ်လော့တီအတွက်တော့ ဘယ်ခြမ်း ခံစစ်နေရာက လွဲရင် တော်တော်လေး တောင့်တင်းတဲ့ လူစာရင်းကို ရထားတာလို့ ပြောရမှာပါ။
.
တိုက်စစ်မှာ ဘရန့်ဖို့ဒ်ရဲ့ အီဂေါသီယာဂို၊ အန်းဒရစ်တို့က အထောင်တိုက်စစ်မှုး နေရာတွေမှာ ရှိနေကြပြီး ညာခြမ်း တိုက်စစ်အတွက် ရာဖင်ညာ ပါလာမှာပါ။ ဘယ်ခြမ်းမှာတော့ ဗီးနီးစီးယပ်စ်၊ မာတီနယ်လီ တို့ နေရာလုကြမှာ ဖြစ်ပြီး ကွင်းလယ် တိုက်စစ်တစ်နေရာအတွက် နေမာ၊ ကွန်ညာ၊ ပါကေးတား တို့ နေရာလုရမှာ ဖြစ်ပါတယ်။
.
ကွင်းလယ် ဗဟိုမှာတော့ ကာဆီမီရို၊ ဘရူနိုဂွီမာရေ့စ်အတွဲကို တွေ့ရမှာ ဖြစ်ပြီး ဖာဘင်ညို၊ ဒါနီလို တို့ကတော့ အရန် စာရင်းမှာ ရှိနေကြမှာပါ။ ဘယ်ခြမ်း ခံစစ်မှာတော့ ဆန်းတို့စ်၊ အဲလက်စ်ဆန်ဒရို တို့ကို ရွေးထားပြီး ညာခြမ်း ခံစစ်အတွက် ဝက်စ်လေ၊ လီယိုပါရဲရား တို့ကို အန်ဆယ်လော့တီက ရွေးထားပါတယ်။ ခံစစ် ဗဟိုမှာတော့ မာကွင်ညို နဲ့ ဂါဘရီယယ်တို့ ကစားကြဖို့ရှိနေပြီး အီဘာနက်ဇ်၊ ဘရီမာ တို့ကတော့ အရန် စာရင်းမှာ ရှိနေကြဖို့ များနေပါတယ်။
.
ချယ်လ်ဆီး ပရိသတ်တွေကတော့ သူတို့ရဲ့အဓိက တိုက်စစ်မှုး ဂျာအိုပက်ဒရိုကို ချန်ထားခဲ့လို့ အန်ဆယ်လော့တီ ရဲ့ ရွေးချယ်မှုကို ဝေဖန်နေကြပြီး ဒဏ်ရာတွေ ပိနေတဲ့ နေမာထက်စာရင် ပက်ဒရိုကိုသာ ပိုပြီး ရွေးချယ်သင့်တာ ဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။
.
#KBZTai #Shan #Football #Brazil #WorldCup

No comments:

Post a Comment

Pages