.
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင်
ဖုန်းဆိုင်ဖောက်ထွင်းခိုးယူခဲ့သူ ၃ ဦးကို ယမန်နေ့ မေလ ၁၂ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
အေးသာယာမြို့၊ အေးသီရိဈေးအနီး ဖွင့်လှစ်ထားသော ဖုန်းဆိုင်တစ်ဆိုင်
အပါအဝင် ဖုန်းဆိုင် ၂ ဆိုင်တွင် မေလ ၁၁ ရက် ညပိုင်းက ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ဖုန်းဆိုင် ၂ ဆိုင်မှ ကွန်ပျူတာ ၁ လုံးနှင့် iPhone ၄ လုံး ခိုးယူခံခဲ့ရခြင်းဖြစ်သည်။
.
အဆိုပါ ဖောက်ထွင်းခိုးယူခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က
စုံစမ်းရှာဖွေခဲ့ရာ ယမန်နေ့ မေလ ၁၂ ရက်၊ ညပိုင်းတွင် အေးသာယာမြို့၊ ရပ်ကွက် (၉)၊ ဇောတိကရာမ
ဘုန်းကြီးကျောင်း လမ်းမပေါ်၌ မင်းကို၊ ထွန်းထွန်းနှင့် သဲစုဝေ ဆိုသူတို့ ၃ ဦးအား ခိုးယူခဲ့သည့်
သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူ ၃ ဦးမှာ အသက်မပြည့်သေးသူများဖြစ်ပြီး
လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
“ကလေးတွေပါ။ ကလေးလည်း ခိုးမှုကတော့ ဖွင့်ရမှာပါ။
နောက်မှ ကလေးသူငယ်ဥပဒေအရ အဲဒီအခွင့် အရေးတွေ သူတို့ရမှာပေါ့။ သူတို့ကို လူငယ်ပြုပြင်ရေးစခန်းတွေ၊
သင်တန်းကျောင်းတွေ ပို့မှာပေါ့” ဟု ရဲတပ်ဖွဲ့ ဝာာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အေးသာယာ အပါအဝင် တောင်ကြီးမြို့နယ်အတွင်း
ဆိုင်ကယ်ခိုးမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဂရုပြုကြရန်
မြို့ခံများအကြား အချင်းချင်းသတိပေးမှုများ ရှိနေသည်။
.

No comments:
Post a Comment