ကျိုင်းတုံ လူသတ်ဓားပြတိုက်မှုတွင် ရွှေ ၃ ပိဿာခန့်နှင့် ငွေသားများ ပါသွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 13, 2026

ကျိုင်းတုံ လူသတ်ဓားပြတိုက်မှုတွင် ရွှေ ၃ ပိဿာခန့်နှင့် ငွေသားများ ပါသွား

.

၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သော လူသတ် ဓားပြတိုက်မှုတွင် ရွေထည် ၃ ပိဿာခန့်နှင့် ငွေသားများ၊ ကားတစ်စီးတို့ ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

.



.

ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်နေ ခေမရဋ္ဌ ရွှေဆိုင်ပိုင်ရှင် ဒေါ်နန်းလာ သည် ယနေ့ မေလ ၁၃ ရက်၊ နေ့လယ် ၁ နာရီခန့်က သားဖြစ်သူ စိုင်းရီတစ်ဆမ်၊ အလုပ်သမား အမျိုးသမီးတစ်ဦး တို့နှင့်အတူ ကျိုင်းတုံ မြို့မဈေးရှိ ရွှေဆိုင်မှ ဆိုင်သိမ်းပြီး နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့အရောက်တွင် အခြား ယာဉ်တစ်စီး ပေါ်မှ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်သဖြင့် ယာဉ်မောင်းသူ စိုင်းရီတစ်ဆမ် ထိမှန်ခဲ့ပြီး ထိုယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးက သေနတ်ဒဏ်ရာရရှိထားသည့် စိုင်းရီတစ်ဆမ်နှင့် ဒေါ်နန်းလာ တို့အား ယာဉ်ပေါ်မှ ဆွဲချကာ ယာဉ်အား မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်ပေါ်တွင် ရွှေထည်ပစ္စည်းမျိုးစုံ ခန့်မှန်းအလေးချိန် ၃ ပိဿာခန့်နှင့် ရောင်းရငွေများအပြင် ဦးစိုင်းရီတစ်ဆမ် ကိုင်ဆောင်သည့် iPhone 14 အမျိုးအစား ခဲရောင်ဖုန်းတစ်လုံး ပါသွားခဲ့ကြောင်း သိရသည်။

.

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးစိုင်းရီတစ်ဆမ်တွင် ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာပုခုံးကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာဂျိုင်း ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် ဒေါ်နန်းလာတွင်  ယာဉ်ပေါ်မှ ဆွဲချခံရမှုကြောင့် ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဦးစိုင်းရီတစ်ဆမ်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

အဆိုပါ လူသတ် ဓားပြတိုက်မှုမှ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages