.
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယနေ့ မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.သေဆုံးသူမှာ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ပဲယင်းတောင်အုပ်စု၊
ကောင်တန်ကျေးရွာနေ မင်းဇော် ဆိုသူဖြစ်ပြီး ၎င်းသည် ယနေ့ မေလ ၁၃ ရက်၊ နေ့လယ် ၁ နာရီခန့်က
အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာ အောက်ဈေးရှိ ပြောင်းဂိုဒေါင်တစ်ခုတွင်
ပြောင်းအိတ်များအား ကားပေါ်သို့ ထမ်းတင်နေစဉ် မောပန်းသဖြင့် အဆိုပါ ဂိုဒေါင်နှင့် ကပ်လျက်ရှိ
လူမနေသည့် နေအိမ်၏ ဂိုဒေါင် သံဘာဂျာတံခါးတွင် ခြေဆင်းကျောမှီကာ အနားယူနေစဉ် ဓာတ်လိုက်ခံရခြင်း
ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် အခြား အလုပ်သမားများက ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးရာ
ဓာတ်တိုင်မှ ဂိုဒေါင်အတွင်းသို့ သွယ်တန်းထားသည့် ဝါယာကြိုးမှာ ပေါက်ပြဲပြီး သံဘာဂျာတံခါးနှင့်
ထိနေသဖြင့် ဓာတ်လိုက်ခံရခြင်း ဖြစ်ကြောင်း သိရှိပြီး ၎င်းအား အနီးရှိ ရေပိုက်ဖြင့်
တွန်းထုတ်ကာ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံ အရောက်တွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်
သိရှိနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment