ဒီဇယ်ဈေးများ ကျဆင်းပြီး ဓါတ်ဆီဈေး အနည်းငယ်ပြန်တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 22, 2026

ဒီဇယ်ဈေးများ ကျဆင်းပြီး ဓါတ်ဆီဈေး အနည်းငယ်ပြန်တက်

.

၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်

.

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ မေလ ၂၂ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းလက်လီ ဈေးနှုန်းစာရင်းအရ ဒီဇယ်ဈေး ကျဆင်း၍ ဓါတ်ဆီဈေးများ အနည်းငယ်စီ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရသည်။

.


.

တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးများတွင် အောက်တိန်း 92 တစ်လီတာလျှင် ၄၇၄၀ ကျပ်မှ ၄၇၆၀ ကျပ်၊ 95 တစ်လီတာလျှင် ၄၈၂၅ ကျပ်မှ ၄၈၃၀ ကျပ်သို့ အသီးသီး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

.

ဒီဇယ် ရည်ညွှန်းဈေးမှာမူ ဆက်လက် ကျဆင်းလာသည်ကို တွေ့ရပြီး ရိုးရိုး တစ်လီတာလျှင် ၄၉၉၀ ကျပ်မှ ၄၆၃၀ ကျပ်၊ ပရီမီယံ တစ်လီတာလျှင် ၅၉၉၅ ကျပ်မှ ၅၆၆၀ ကျပ်သို့ အသီးသီး ဆက်လက် ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် လားရှိုးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးတွင်မူ ဓါတ်ဆီဈေးနှုန်း ပြန်တက်လာ၍ ဒီဇယ်ဆီ ဈေးနှုန်းများ ကျဆင်းလာသည်ကို တွေ့ရသည်။

.

ပြင်ပမှောင်ခို ဈေးကွက်တွင်မူ စုံ/မ စနစ်နှင့် လိုင်စင်မဲ့ယာဉ်များအား စက်သုံးဆီ ရောင်းချပေးခြင်း မရှိသည့် အခြေအနေများကြောင့် ဓါတ်ဆီ တစ်လီတာလျှင် ၇၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်ဝန်းကျင်ထိ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages