ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ ၂/၃ လုံးဟု လူပြောများသည့် ချဲထီနှင့် နှစ်လုံးထီ ရောင်းချသော အမျိုးသမီး တစ်ဦး ယမန်နေ့ မေလ ၂၅ ရက်၊ ညနေပိုင်းက အဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
အောင်ပန်းမြို့၊
ရွာသစ်ရပ်ကွက်၊ အောင်သုခလမ်းနေ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးကို ရဲတပ်ဖွဲ့က စားပွဲ
အပါအဝင် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး လောင်းကစားဥပဒေဖြင့်
အရေးယူထားကြောင်း သိရသည်။
.
ယင်းကဲ့သို့
ချဲထီလောင်းကစားမှုများအား ဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြည်သူများ၏ ဝေဖန်မှုများလည်း ထွက်ပေါ်နေလျက်
ရှိပြီး အကြောင်းရင်းမှာ အဓိက လောင်းကစားဒိုင်များအား သိလျက်နှင့် ဖမ်းဆီးမှု မရှိခြင်းကြောင့်
ဖြစ်သည်ဟု ဆိုကြသည်။
.
#KBZTai
#Shan #Aungpan #News

No comments:
Post a Comment