အမေရိကန်က အီရန်တောင်ပိုင်းမှာ တိုက်ခိုက်မှု အသစ်တွေ ပြန်လုပ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 26, 2026

အမေရိကန်က အီရန်တောင်ပိုင်းမှာ တိုက်ခိုက်မှု အသစ်တွေ ပြန်လုပ်နေ



အမေရိကန် စစ်တပ်က အီရန်နိုင်ငံတောင်ပိုင်းမှာ တိုက်ခိုက်မှု အသစ်တွေ ပြုလုပ်လာခဲ့ပြီး အီရန်ရဲ့ ဒုံးကျည် သိုလှောင်ရုံတွေ၊ ဖောက်ခွဲရေး ပစ္စည်း တပ်ဆင်ထားတဲ့ လှေတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်လို့ ကြေညာထားပါတယ်။

.
အီရန်တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ အခုလို တိုက်ခိုက်ရတာ ဖြစ်တဲ့အကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် က ရှင်းလင်းထားပြီး အပစ်အခတ် ရပ်စဲရေး ကာလအတွင်းမှာ အမေရိကန်က တိုက်ခိုက်မှုတွေကို တတ်နိုင်သမျှ ရပ်နားထားတာ ဖြစ်ပြီး လက်ရှိ တိုက်ခိုက်မှုက အမေရိကန်တပ်တွေရဲ့ လုံခြုံရေးအတွက်လို့ ထုတ်ပြန်ထားတာပါ။
.
တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာချိန်မှာ အီရန်ဖက်ကတော့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေမှာ တိုးတက်မှု တချို့ ရှိလာခဲ့ပေမယ့်လည်း စာချုပ်အရ သဘောတူညီချက်တွေကတော့ အချိန်တိုအတွင်း ဖြစ်လာနိုင်ဖို့ မရှိသေးဘူးလို့ တုန့်ပြန်ထားပါတယ်။
.
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရ ဗိုလ်မှူး ဟော့ကင်းစ် က လတ်တလော ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ဟောမုဇ် ရေလက်ကြားပေါ်မှာ ရှိတဲ့ အီရန် ရေတပ်စခန်းရှိရာ တောင်ပိုင်း ဆိပ်ကမ်းမြို့ နေရာကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ တောင်ပိုင်းဆိပ်ကမ်းမြို့ ဖြစ်တဲ့ ဘန်ဒါအက်ဘက်စ် မှာ ပေါက်ကွဲသံတွေ ကြားရပြီးတဲ့နောက် ဒေသဆိုင်ရာ တာဝန်ရှိသူတွေ စုံစမ်းနေကြတယ်လို့ အီရန်မီဒီယာတွေကလည်း အတည်ပြုထားပါတယ်။
.
မေလ အစောပိုင်းမှာ ဒေါ်နယ်ထရမ့်က အီရန်နဲ့ သဘောတူညီချက် ရဖို့ နီးနေပြီလို့ ပြောခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ညှိနှုင်းရေးမှူးတွေကို အလျင်မလိုကြဖို့ ညွှန်ကြားထားတာပါ။ မေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ကတော့ မကြာခင်မှာ အီရန်နဲ့ကြားက ဆွေးနွေးမှုတွေ အောင်မြင်သွားမယ်လို့ ယုံကြည်နေတဲ့ အကြောင်း ပြောဆိုထားပါတယ်။
.
လက်ရှိ ဆွေးနွေးနေတဲ့ စာချုပ်ထဲမှာတော့ ရက် ၆၀ အပစ်အခတ် ရပ်စဲရေးကို သက်တမ်း တိုးဖို့၊ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့နဲ့ အီရန်ရဲ့ နူကလီးယား အစီအစဉ်အပေါ် နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

.
Source : BBC

.
#KBZTai #Shan #International #Iran #USA

No comments:

Post a Comment

Pages