ဇူလိုင်လ က စပြီး ထိုင်းမှာ မီတာခတွေ ဈေးတက်မယ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 24, 2026

ဇူလိုင်လ က စပြီး ထိုင်းမှာ မီတာခတွေ ဈေးတက်မယ်


လာမယ့် ဇူလိုင်လကနေ စတင်ပြီး လျှပ်စစ်မီတာခ ဈေးနှုန်းအသစ်တွေ စတင်တော့မှာ ဖြစ်တာမို့ ထိုင်းနိုင်ငံ အတွင်းက လူအများစု နေထိုင်တဲ့ အိမ်ထောင်စုတွေနဲ့ နေအိမ်တွေကနေ စီးပွားရေး လုပ်ကိုင်နေသူတွေအနေနဲ့ မီတာခ ဈေးနှုန်း မြင့်တက်လာမှုတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

.
ပြင်ဆင်ထားတဲ့ နှုန်းထားအသစ်တွေမှာ လျှပ်စစ် သုံးစွဲမှု နည်းတဲ့ အိမ်ထောင်စုတွေကို အကျိုးရှိစေမှာ ဖြစ်ပြီး လျှပ်စစ် သုံးစွဲမှု များပြားသူတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ဆိုပါတယ်။
.
လက်ရှိမှာတော့ စွမ်းအင်ထိန်းချုပ်ရေးကော်မရှင်နဲ့ အစိုးရပိုင် လျှပ်စစ် ဖြန့်ဖြူးရေးအဖွဲ့တို့က ထိုင်းနိုင်ငံတွင်း လျှပ်စစ်သုံးစွဲမှု အချက်အလက်တွေကို စုဆောင်းနေပြီး အဆင့်လိုက် တိုးမြှင့်မယ့် လျှပ်စစ်ဈေးနှုန်းစနစ်ကို ရေးဆွဲနေကြပါတယ်။
.
ထိန်းချုပ်ရေးကော်မရှင်ရဲ့ အထွေထွေအတွင်းရေးမှူး ပွန်ပတ် က ၂၀၂၃ ခုနှစ် ရုရှား-ယူကရိန်း စစ်ပွဲကြောင့် စွမ်းအင် ဈေးနှုန်းတွေ မြင့်တက်လာချိန်မှာ စတင် အသုံးပြုခဲ့တဲ့ အဆင့်လိုက် လျှပ်စစ်ဈေးနှုန်းစနစ်ကို လက်ရှိ အခြေအနေတွေနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်နေတာဖြစ်တဲ့အကြောင်းပြောထားပါတယ်။
.
အီရန်စစ်ပွဲကြောင့် စွမ်းအင်အကျပ်အတည်း ဖြစ်လာခဲ့ပြီး ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာခဲ့ပေမဲ့ အိမ်ထောင်စု အသေးစားတွေ အတွက် လျှပ်စစ်ဈေးနှုန်းကို တစ်ယူနစ် ၃ ဘတ်အောက်မှာ ထိန်းထားဖို့ ထိုင်းအစိုးရက ဆန္ဒရှိနေပါတယ်။
.
ထိုင်းနိုင်ငံရဲ့ လက်ရှိမီတာခ နှုန်းထားက တစ်ယူနစ်ကို ၃.၉၅ ဘတ်လောက် ရှိနေပေမဲ့လည်း သူတို့ရဲ့ မီတာခ ကောက်ယူမှုက အဆင့်လိုက် ဖြစ်တာမို့ သုံးစွဲမှုနည်းရင် ဈေး ပိုသက်သာပြီး များများသုံးရင် ဈေး ပိုမြင့်မယ့် အခြေအနေပါ။
.
ပထမ ၁၅၀ ယူနစ်အတွက် တစ်ယူနစ်ကို ၂.၃၅ ဘတ်၊ ၁၅၀-၄၀၀ ယူနစ်အတွက် တစ်ယူနစ်ကို ၃.၁၀ ဘတ်၊ ၄၀၀ ယူနစ်နဲ့ အထက်ဆိုရင် တစ်ယူနစ်ကို ၃.၈၅ ကနေ ၄.၄၂ ဘတ်အထိ တွက်ချက်ပြီး ပေးချေနေရတာ ဖြစ်ပါတယ်။
.
#KBZTai #International #Thai

No comments:

Post a Comment

Pages