သဘာဝဘေးများ ကြုံတွေ့လာပါက ကယ်ဆယ် ထောက်ပံ့ရေးအတွက် ပရဟိတအဖွဲ့များ ကြို ပြင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 24, 2026

သဘာဝဘေးများ ကြုံတွေ့လာပါက ကယ်ဆယ် ထောက်ပံ့ရေးအတွက် ပရဟိတအဖွဲ့များ ကြို ပြင်


သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကူညီကယ်ဆယ် ထောက်ပံ့နိုင်ရေးအတွက် ကမ္ဘောဇဖောင်ဒေးရှင်း နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်တို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.
ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မေလ ၂၃ ရက်က ကျင်းပရာ အစည်းအဝေးတွင် နာယက ဦးအောင်ကိုဝင်းက ယင်းကဲ့သို့ လမ်းညွှန် မှာကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.



လာမယ့် မိုးရာသီမှာ အယ်လ်နီညို ဖြစ်နိုင်တယ်လို့ ကမ္ဘာ့သတင်းတွေမှာ ဖော်ပြတယ်။ တခြားသော အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း ပြင်ဆင်တာတွေ လုပ်နေပြီ။ အကယ်၍ သဘာဝဘေးအန္တရာယ်တွေ ကြုံလာခဲ့ရင် အရေးပေါ် ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာ၊ ဆေးဝါး အဲဒါတွေ ကြိုတင် ပြင်ဆင်ဖို့ နာယကကြီးက လမ်းညွှန်ခဲ့ပါတယ်” ဟု ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှ ဦးသူရစောသိန်းက ပြောသည်။
.
ထို့အပြင် အစည်းအဝေးတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မိုးရာသီသစ်ပင် စိုက်ပျိုးရေးကိစ္စ၊ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်‌ ထောက်ပံ့နိုင်ရေး ကိစ္စများအပြင် ကမ္ဘောဇစံပြကျေးရွာ (ခေါင်းနွဲ့) တွင် မူလွန်စာသင်ကျောင်း ကျောင်းဆောင်သစ် ဖွင့်လှစ်မည့် ကိစ္စရပ်များ၊ အင်းလေးဒေသ သောက်ရေသန့်စက်များ ထပ်မံ တပ်ဆင်လှူဒါန်းရေး ကိစ္စများနှင့် KBZ Center Mandalay ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့အနီးက ကမ္ဘောဇစံပြရွာ-ခေါင်းနွဲ့မှာ မူလွန်စာသင်ကျောင်း ဖွင့်ပါမယ်။ တန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၂၀၀ ပါ။ ကျောင်းဖွင့်ပွဲက ဇွန်လ ၁ ရက် လုပ်ပါမယ်” ဟု ဦးသူရစောသိန်းက ဆိုသည်။

.



လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့ အနီးရှိ ခေါင်းနွဲ့ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ် ပျက်စီးခဲ့ပြီး လူ ၈ ဦး ခန့် သေဆုံးခဲ့ရာ ကမ္ဘောဇဖောင်ဒေးရှင်းက အဆိုပါကျေးရွာကို အသစ် ပြန်လည် ထူထောင်ပြီး ကျေးရွာဆေးပေးခန်း၊ စာကြည့်တိုက်၊ အုပ်ချုပ်ရေးရုံးနှင့် စာသင်ကျောင်းတို့ကို လည်း လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
Photo - SSSPBN
.
#KBZTai #Shan #Taunggyi
.

 

No comments:

Post a Comment

Pages