တရုတ် ၅ ဦးကို ဖမ်းပြီး ငွေညှစ်ခဲ့တဲ့ ထိုင်းရဲတွေက လူကုန်ကူးဂိုဏ်းတွေနဲ့လည်း ဆက်နွယ်နေဟု ဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 27, 2026

တရုတ် ၅ ဦးကို ဖမ်းပြီး ငွေညှစ်ခဲ့တဲ့ ထိုင်းရဲတွေက လူကုန်ကူးဂိုဏ်းတွေနဲ့လည်း ဆက်နွယ်နေဟု ဆို



တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖီဝမ် က တရုတ်နိုင်ငံသားတွေကို ဖမ်းပြီး ငွေညှစ်ခဲ့လို့ ဖမ်းဆီး ခံထားရတဲ့ ရဲအရာရှိ ၆ ဦးဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ ရှိတဲ့ လူကုန်ကူး ဂိုဏ်းတွေနဲ့လည်း ဆက်သွယ်နေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။
.
အာဏာပိုင်တွေက သံသယ ရှိသူတွေထဲမှာ ထိုင်း၊ တရုတ်နဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ ပါဝင်ပြီး ကမ္ဘောဒီးယားဖက်က ပါဝင်သူတွေဟာ နယ်စပ်ဒေသမှာ ဩဇာရှိသူတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
.
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေဟာ ကမ္ဘောဒီးယားအခြေစိုက် အွန်လိုင်းလိမ်လည်သူတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိရတာပါ။ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံသားတွေက ကြားခံ အနေနဲ့ လုပ်ဆောင်ပြီး ထိုင်းနိုင်ငံဖက်ကတော့ နိုင်ငံထဲ ခိုးသွင်းလာသူတွေကို လက်ခံပေးခဲ့တယ်လို့ လည်း ရဲတပ်ဖွဲ့က မှတ်ချက်ပေးထားပါတယ်။
.
ထိုင်းရဲတပ်ဖွဲ့က ဒီအမှုကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအနေနဲ့ ကိုင်တွယ်သွားဖို့ ရှိနေပြီး လက်ရှိ အချိန်မှာတော့ ဖမ်းမိထားတဲ့ ရဲအရာရှိ ၆ ဦးကို တရားစွဲဆိုထားပြီးပါပြီ။ အစောပိုင်း စစ်ဆေးမှုတွေမှာ ရဲ ၄ ဦးနဲ့ အရပ်သား ၁ ဦးကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ရဲ ၂ ဦးကို ထပ်မံ ဖမ်းဆီးနိုင်ခဲ့တာပါ။ စုံစမ်းစစ်ဆေးသူတွေက ဒီအဖွဲ့ဟာ တရုတ်နိုင်ငံသား ၅ ဦးကို ပြန်ပေးဆွဲခြင်းနဲ့ ပြန်လွှတ်ပေးခြင်းတွေမှာ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့တဲ့သူတွေ ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။
.
ရဲတပ်ဖွဲ့က လက်ကိုင်ဖုန်း အချက်အလက်တွေ၊ ရုပ်သံမှတ်တမ်းတွေ၊ ငွေလွှဲမှတ်တမ်းတွေ၊ အွန်လိုင်း ငွေကြေးလွှဲပြောင်းမှုတွေ အပါအဝင် ဒစ်ဂျစ်တယ်သက်သေ အထောက်အထားတွေကို ဆက်လက်စုံစမ်းနေပြီး ဆက်စပ် သံသယရှိသူတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတာပါ။

.
အာဏာပိုင်တွေက ဖုန်းနဲ့ လုံခြုံရေးကင်မရာတွေကနေ ရရှိထားတဲ့သက်သေတွေက အတော်လေး ခိုင်မာနေပြီ ဖြစ်တဲ့အကြောင်းနဲ့ ငွေကြေးလမ်းကြောင်း စစ်ဆေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

.
Source : Bangkok Post

.
#KBZTai #Shan #Thai #International

 

No comments:

Post a Comment

Pages