ထိုင်းမှာ ကေဘယ်ကြိုး မခိုးဘဲ နေရင် ပိုက်ဆံပေးပါ့မယ်လို့ ကန်ထရိုက်တွေ တောင်းပန်နေရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 17, 2026

ထိုင်းမှာ ကေဘယ်ကြိုး မခိုးဘဲ နေရင် ပိုက်ဆံပေးပါ့မယ်လို့ ကန်ထရိုက်တွေ တောင်းပန်နေရ


ထိုင်းနိုင်ငံထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ဆီကနေ ကေဘယ်ကြိုး ခိုးယူမှုတွေ များလွန်းလို့ ကန်ထရိုက်တွေက ပြန်ပြီး တောင်းပန်နေရတဲ့ အဆင့်ကို ရောက်နေပါပြီ။ ထိုင်းနိုင်ငံ၊ ခွန်ကန်မြို့မှာ ရှိတဲ့ တက္ကသိုလ်တစ်ခု အနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှာ ဆိုင်းဘုတ်တွေ တပ်ဆင်ထားပြီး ကေဘယ်ကြိုးတွေကို မခိုးယူဖို့နဲ့ ငွေလိုအပ်ရင် သူတို့ဆီမှာ လာတောင်းဖို့ စာချိတ်ထားတာပါ။

.
ဒီနေရာမှာ CCTV တပ်ထားပါတယ်။ ကေဘယ်ကြိုး မခိုးပါနဲ့။ ငွေလိုရင် ခင်ဗျားရဲ့ ဘဏ်အကောင့်နံပါတ် ထားခဲ့ပါ။ ကျွန်တော်တို့ ငွေလွှဲပေးပါ့မယ်။ ခိုးပြီး ပြန်ရောင်းရင် ဘတ်ငွေ နည်းနည်းပဲ ရတာ ဖြစ်ပေမယ့် ပြန်ပြင်ရတဲ့ ကုန်ကျစရိတ်က သောင်းချီပါတယ်” လို့ ရေးသားထားတာပါ။
.
ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေက ကန်ထရိုက်တွေဟာ ဒီပြသနာနဲ့ အဓိက ရင်ဆိုင်နေရပြီး အသေးစား ခိုးယူမှုတွေက အမြဲတစေ ဖြစ်ပွားနေကြတာပါ။ အထက်လွှတ်တော် ဆပ်ကော်မတီရဲ့ အကြံပေး တစ်ယောက်ဖြစ်တဲ့ ဝီတွန်က အဲဒီဆောက်လုပ်ရေး လုပ်ငန်းခွင်တွေဆီ သွားရောက်ခဲ့ပြီးတဲ့နောက် လုပ်ငန်းခွင်တွေမှာသာ ခိုးယူခံနေရတာ မဟုတ်ဘဲ အနီးအနားမှာ နေထိုင်သူတွေလည်း အကြိမ်ကြိမ် ခိုးယူခံနေရတယ်ဆိုတာ သိသွားခဲ့ပါတယ်။
.
လျှပ်စစ်ကေဘယ်ကြိုးတွေ၊ ရေမီတာတွေနဲ့ အိမ်သုံးပစ္စည်းတွေကို ခိုးယူမှုက ဝင်ငွေနည်းတဲ့ မိသားစုတွေအတွက် ကြီးမားတဲ့ အခက်အခဲ ဖြစ်စေတယ်လို့ ဝီတွန်က ဆိုပါတယ်။ လူတော်တော်များများက ဒါကို အသေးအဖွဲ ပြသနာလို့ ထင်ကြပေမယ့် နေ့စားဘဝနဲ့ ရုန်းကန်နေရသူတွေကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်လို့ ဝီတွန်က ပြောပါတယ်။
.
ဒီပြသနာကို အရင်တုန်းက အထက်လွှတ်တော်အထိ တင်ခဲ့ဖူးပြီး ရဲဌာနရဲ့တာဝန် ပျက်ကွက်မှုတွေအပေါ် မေးခွန်း အထုတ်ခံခဲ့ရဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ခဏလောက် ငြိမ်သွားခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ မြို့အနှံ့မှာ ခိုးမှုတွေ ပြန်လည် ဖြစ်ပွားလာနေခဲ့တာပါ။
.
#KBZTai #Shan #Thai #International

No comments:

Post a Comment

Pages