နိုင်ငံတကာမှာ ငပွကြီး ဖြစ်နေတဲ့ အစ္စရေးနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတိုများ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 24, 2026

နိုင်ငံတကာမှာ ငပွကြီး ဖြစ်နေတဲ့ အစ္စရေးနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတိုများ



အစ္စရေးတပ်ဖွဲ့တွေက လက်ဘနွန်မှာ လေကြောင်း တိုက်ခိုက်မှု အသစ်တွေ ဆက်တိုက် ပြုလုပ်နေခဲ့တာကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ဒါဇင်နဲ့ ချီတဲ့လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

တိုင်ယာမြို့ မြောက်ဖက်မှာ ရှိတဲ့ အယ်လ်ဘက်ဘော့ ဒေသကို အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး စနေနေ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ဦး သေဆုံးပြီး ဦး ဒဏ်ရာ ရခဲ့ပါတယ်။
နာဘာတီယာခရိုင်မှာ ရှိတဲ့ အယ်လ်ဂါဗီယာမြို့မှာ လူနေ အဆောက်အဦ တစ်ခုကို ပစ်မှတ်ထားတဲ့ အစ္စရေးလေကြောင်း တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ဦး သေဆုံးပြီး ဦး ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ အပျက်အစီးတွေကို ဖယ်ရှားနေရဆဲ ဖြစ်တာကြောင့် သေဆုံးသူ အရေအတွက် တိုးမြင့်လာနိုင်တဲ့အကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
.
တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ လူပေါင်းသောင်းချီတဲ့ ဆန္ဒပြပွဲတစ်ခု ဆားဘီးယားမှာ ဖြစ်ပွားခဲ့ပြီး အစောပိုင်း ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
၂၀၂၄ နိုဝင်ဘာမှာ ဖြစ်ပေါ်ခဲ့တဲ့ ရထားဘူတာရုံ မတော်တဆမှုမှာ လာဘ်စားမှုတွေ ရှိနေတယ်ဆိုပြီး ဆန္ဒပြမှုတွေ စတင်ခဲ့ရာကနေ ဝန်ကြီးချုပ် ဗူစီဗစ် ရာထူးကနေ ထွက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရဖူးတာပါ။
အဲဒီ နောက်ပိုင်းမှာတော့ ဆားဘီးယားသမ္မတ ဗူစစ် က ဆန္ဒပြသူတွေအပေါ် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပြီး ဒီနှစ်အတွက် ရွေးကောက်ပွဲကို စက်တင်ဘာလနဲ့ နိုဝင်ဘာလ အကြားမှာ ကျင်းပနိုင်လိမ့်မယ်လို့ ပြောထားတာပါ။
ဒါပေမယ့်လည်း ဆန္ဒပြသူတွေက အကြီးအကျယ် လုပ်နေကြပေမယ့် လက်တွေ့မှာတော့ ဗူစစ်ကို တကယ် ယှဉ်ပြိုင်နိုင်မယ့် ခေါင်းဆောင် ဒါမှမဟုတ် အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်က ဆားဘီးယားမှာ ရှိ မနေသေးပါဘူး။
.
အစ္စရေးရဲ့ အမျိုးသားလုံခြုံရေး ဝန်ကြီး ဘန်ဂျီဗာ ကို ပြင်သစ်က နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဂါဇာကို အကူအညီတွေ ပေးပို့ဖို့ သွားရောက်ခဲ့တဲ့ သင်္ဘောအုပ်စုကို အစ္စရေးက ဖမ်းဆီးခဲ့ပြီး အဲဒီ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာတဲ့ ဗီဒီယိုဖိုင်တွေကြောင့် ပြင်သစ်က ဘန်ဂျီဗာ ကို နိုင်ငံ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်တာပါ။
ဘန်ဂျီဗာက လူမှုကွန်ယက် တစ်ခုပေါ်မှာ ဗီဒီယိုဖိုင် တစ်ခုကို တင်ခဲ့ပြီး သင်္ဘောအုပ်စုမှာ လိုက်ပါသူတွေကို မျက်လုံး အဝတ်စည်း၊ ဒူးထောက် အနေအထားနဲ့ ချုပ်နှောင်ထားခဲ့ပြီး အဲဒီအခြေအနေကို သူက လှောင်ပြောင်နေတဲ့ ဗီဒီယိုဖိုင် တစ်ခုကို တင်ခဲ့တာပါ။
ဒီပုံရိပ်တွေ ပျံ့နှံ့လာပြီးတဲ့နောက် အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ကနေဒါ၊ စပိန် အပါအဝင် နိုင်ငံ အများအပြားက အစ္စရေးသံအမတ်တွေကို ခေါ်ယူပြီး လက်မခံနိုင်တဲ့ ပြုမူဆက်ဆံမှုအဖြစ် ရှုံ့ချခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အစ္စရေးက ဖမ်းဆီးထားသူတွေကို ပြန်လည်စေလွှတ်ပေးခဲ့ပါတယ်။
.
ဂါဇာမြောက်ပိုင်းမှာ ရှိတဲ့ အစ်တွမ်းဒေသမှာ ရဲကင်းစခန်း တစ်ခုကို အစ္စရေးရဲ့ ဒုံးကျည် ထိမှန်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ဦး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
လက်ရှိမှာ အပစ်အခတ် ရပ်စဲရေးကာလ ရှိနေဆဲ ဖြစ်ပေမယ့်လည်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကတော့ ဂါဇာ ကမ်းမြောင်တစ်လျောက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး သေဆုံးသူ အရေအတွက်လည်း ဆက်တိုက်မြင့်တက်နေတာပါ။
ဂါဇာမှာ အင်အား ၁၀၀၀၀ ခန့်ရှိတဲ့ ရဲတပ်ဖွဲ့က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂါဇာ အစီအစဉ်ကို ရှေ့ဆက်နိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာြ ဖစ်ပြီး ဒုံးကျည် စင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဂါဇာဖက်ကတော့ အစ္စရေးစစ်တပ်က ရဲတပ်ဖွဲ့တွေ၊ ဒေသခံ လုံခြုံရေးတွေနဲ့ ဥပဒေစိုးမိုးရေး အဖွဲ့တွေကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်လာနေတာကို မြင်တွေ့နေရတယ်လို့ မှတ်ချက်ပေးထားပါတယ်။

.
#KBZTai #Shan #International

 

No comments:

Post a Comment

Pages