နိုင်ငံသားစမတ်ကတ် (UID-Unique Identification Number) များ ပျောက်ဆုံး/ပျက်စီးခြင်း ဖြစ်ပေါ်ပါက နီးစပ်ရာ မြို့နယ်လဝကရုံးများတွင် ကိုယ်တိုင် သွားရောက်၍ Biometric စနစ်ဖြင့် ပြန်လည်ထုတ်ယူ နိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာ ထားသည်။
.
ယင်းသို့ စမတ်ကတ် ပြန်လည်ထုတ်ပေးရာတွင် ကာယကံရှင် အမှန်တကယ်
ပိုင်ဆိုင်သူ ဖြစ်ကြောင်း သေချာ စေရန်အတွက် မြို့နယ် လဝကရုံးများရှိ Biometric
Enrollment and Verification စနစ်ကို အသုံးပြု၍ မျက်နှာ၊ လက်ဗွေ၊
မျက်စိသူငယ်အိမ် စသည့် ဇီဝအချက်အလက်များကို e-ID စနစ် အတွင်းရှိ
မူလဒေတာများနှင့် တိုက်ဆိုင် စစ်ဆေးပြီးမှသာ ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် UID ကတ်ကို ပွဲစားများ၊
ကြားခံလူများမှတဆင့် ဆောင်ရွက်ခြင်းသည် အချိန်ကုန်၊ ငွေကုန် ဖြစ်စေရုံသာမက UID
ကတ် အတုအပ နှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများ
ဖြစ်ပေါ်နိုင်သည့်အတွက် ကာယကံရှင် ကိုယ်တိုင် လာရောက်ဆောင်ရွက်ရန် လိုအပ်ကြောင်း
လဝက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
e-ID စနစ်မှ အတည်ပြုပြီးနောက် UID စာရွက်အသစ်ကိုလည်း
ကြားခံမပါဘဲ ကာယကံရှင် လက်ဝယ်သို့ တိုက်ရိုက် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
#KBZTai #Local #UID #News
.

No comments:
Post a Comment