ရှမ်းပြည်နယ်၊
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ ယနေ့ မေလ ၂၃ ရက်၊ နံနက် ၈ နာရီခွဲ ကျော်ခန့်က မော်တော်ဆိုင်ကယ်
တစ်စီးအား ပွဲစားအယောင် ဆောင်ကာ မောင်းနှင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
“ ပွဲစားလိုလိုနဲ့
ဝယ်မယ်ဆိုပြီး ကယ်ရီသမားနဲ့ လာကြည့်တာ။ ဆိုင်ကယ်ကို စမ်း မောင်းကြည့်မယ် ဆိုပြီး ချက်ချင်း
မောင်းပြေးသွားတာ။ ကယ်ရီသမားကလည်း ငှားလာတာဆိုတော့ မသိဘူးလို့တော့ ပြောတယ်။ အေးသာယာ
မုဒ်ဦးနားမှာ ဖြစ်သွားတာပါ။” ဟု နစ်နာသူက ပြောသည်။
.
အဆိုပါ
မော်တော်ဆိုင်ကယ်အား ပွဲစားအယောင် ဆောင်ကာ မောင်းနှင်ထွက်ပြေးသူသည် မော်တော်ဆိုင်ကယ်အား
ရွှေညောင်မြို့ဘက်သို့ မောင်းနှင် ထွက်သွားခြင်း ဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး
ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
.
မော်တော်ဆိုင်ကယ်အား
တွေ့ရှိသူများ အနေဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများထံသို့ လည်းကောင်း၊
ပိုင်ရှင်ဖြစ်သူ ၏ ဖုန်း ၀၉၆၆၆၉၅၂၇၈၆ သို့ ဆက်သွယ် အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားသည်။
❏ သတင်း
ဖြည့်စွက်ချက်
.
လုယူခံရသည့် မော်တော်ဆိုင်ကယ်အား ရွှေညောင်မြို့၊ အောင်သပြေ တောစပ်အနီး တစ်နေရာ၌ ပြန်လည် တွေ့ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #News #AyeTharYar

No comments:
Post a Comment