တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, May 23, 2026

တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ



ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ယ်တော်ခမ်းကျေးရွာအနီး၌ ပြီးခဲ့သည့် မေလ ၂၁ ရက်၊ နေ့လယ်ပိုင်းတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လွယ်တော်ခမ်းကျေးရွာအနီးတွင် နေမင်းဦး မောင်းနှင်ပြီး ဘောဇ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများအား ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ဒေသတန်ဖိုးငွေကျပ် ၁၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား၊ ဒေသတန်ဖိုးငွေ ၅ သိန်းကျပ်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖြစ်ပြီး ယင်း အမျိုးသား ၂ ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

.
#KBZTai #Shan #News  #Tachileik

No comments:

Post a Comment

Pages