ပရီးမီးယားလိဂ် ရောက်ဖို့ ဇာတာ မပါတော့တဲ့ မစ်ဒယ်ဘရော့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 24, 2026

ပရီးမီးယားလိဂ် ရောက်ဖို့ ဇာတာ မပါတော့တဲ့ မစ်ဒယ်ဘရော့


ဒီရာသီမှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းရဲ့ ကံဇာတာ ကတော့ ခပ်ဆန်းဆန်းပဲလို့ ပြောရမှာပါ။ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့် မရတဲ့အတွက် PlayOff ကစားပြီး တန်းတက်နိုင်ဖို့ ကြိုးစားခဲ့ရတယ်။

.
PlayOff ပွဲစဉ် ဆီမီးဖိုင်နယ်အဆင့်မှာ ဆောက်သမ်တန်အသင်းကို နှစ်ကျော့ပေါင်း ၂-၁ နဲ့ ရှုံးသွားခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ဆုံးရှုံးသွားပြီလို့ ပရိသတ်တွေ ထင်ခဲ့ကြတယ်။
.
ဒါပေမယ့် မစ်ဒယ်ဘရော့ရဲ့ ကံက ဆီမီးဖိုင်နယ်အဆင့် မဟုတ်ခဲ့ပါဘူး။ မစ်ဒယ်ဘရော့ရဲ့ လေ့ကျင့်ရေးကွင်းကို ဆောက်သမ်တန်ဖက်က စပိုင်တစ်ယောက် ကင်မရာနဲ့ လာ ခိုးရိုက်နေတာကို မိသွားခဲ့ပြီး ဆောက်သမ်တန် ရဲ့ အနိုင်ရလာဒ်ကို ဘောလုံးအဖွဲ့ချုပ်က ပြန်လည်ပယ်ဖျက်ခဲ့တယ်။ မစ်ဒယ်ဘရော့ ကို အနိုင်ပေးပြီး PlayOff ဗိုလ်လုပွဲ ကစားခွင့် ပေးလိုက်တယ်။
.
ဟော မနေ့ညက ပွဲမှာ ဟူးလ်စီးတီးနဲ့ မစ်ဒယ်ဘရော့ PlayOff ဗိုလ်လုပွဲ ကစားကြတယ်။ ဟူးလ်စီးတီးက ပွဲချိန် ၉၅ မိနစ်မှာ မစ်ဒယ်ဘရော့ရဲ့ဂိုးသမား အမှားကနေ ဂိုး ရသွားခဲ့ပြီး အဲဒီ တစ်လုံးတည်းသော ဂိုးနဲ့ပဲ ပရီးမီးယားလိဂ်ကို တက်ရောက်ခွင့် ရသွားခဲ့တယ်။ မစ်ဒယ်ဘရော့က တစ်ပွဲလုံး ဖိကစားခဲ့ပေမယ့် မမျှော်လင့်တဲ့ အမှားလေး တစ်ခုမှာ ပေးဆပ်မှု ကြီးမားသွားခဲ့တာပါ။
.
ဒီတော့ မစ်ဒယ်ဘရော့ကို ပြန်ကြည့်လိုက်ရင် ဆီမီးဖိုင်နယ်မှာကတည်းက ရှုံးပြီး ထွက်နေတာကို မထွက်ရဘဲ ဗိုလ်လုပွဲ ကန်ရတယ်။ ဗိုလ်လုပွဲမှာ ထပ်ရှုံးပြီး ထွက်လိုက်ရတယ်ဆိုတာတော့ ကစားသမားတွေ တစ်ပွဲပို ကစားလိုက်ရတာပဲ ရှိတာပေါ့။ မစ်ဒယ်ဘရော့ ကံကောင်းတာလား၊ ကံမကောင်းတာလား

.
လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ကိုဗစ်ထရီ၊ အစ်ဆွစ်နဲ့ ဟူးလ်စီးတီး တို့ ဝင်ရောက် ကစားခွင့် ရရှိတော့မှာပဲ ဖြစ်ပါတယ်။
.
#KBZTai #Shan #Football #EPL

 

No comments:

Post a Comment

Pages