ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု ၊ တောင်နီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂၃ ရက် ညနေပိုင်းက ပေါက်ပြားဖြင့် ထုရိုက်ခံခဲ့ရသော လူနာ ကိုဝိုင်းချစ် သည် ယမန်နေ့ မေလ ၂၅ ရက်၊ ညနေပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
“ မနေ့
ညနေ ၄ နာရီခွဲလောက်က ဆုံး (သေ) သွားတယ်၊ ရရှိထားတဲ့ ဒဏ်ရာကြောင့်ပဲ ဆုံးသွားတာပါ။”
ဟု တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ တာဝန်ရှိသူ က ပြောသည်။
.
မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊
တောင်နီကျေးရွာနေ ကိုဝိုင်းချစ် အား တစ်ရွာတည်းနေ မျိုးထက်အောင် ဆိုသူက ယခင်
အခြေအတင်စကားများခဲ့မှုအပေါ် မကျေနပ်၍ ဦးခေါင်းအား ပေါက်ပြားဖြင့် ထုရိုက်ခဲ့ရာ ကိုဝိုင်းချစ်တွင်
ဦးခေါင်းထိပ် ပေါက်ပြဲသွေးထွက် ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီးနောက် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ရရှိသော
ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ အရင်က
၃၂၆ နဲ့ ဖွင့်ထားတာ။ အခုက သေသွားတော့ ၃၀၂ နဲ့ ပြောင်းလိုက်ပါတယ်။” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေညောင်နယ်မြေရဲစခန်းတွင် မျိုးထက်အောင်အား ဖမ်းဆီး၍ မူလက ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားရာမှ ယခုတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ သို့ ပြင်ဆင် အမှုဖွင့်ထားကြောင့် သိရသည်။

No comments:
Post a Comment