အမေရိကန်တေးဂီတ ဆုပေးပွဲမှာ ဆုတံဆိပ်တွေ သိမ်းပိုက်ခဲ့ကြတဲ့ KATSEYE နဲ့ BTS - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 26, 2026

အမေရိကန်တေးဂီတ ဆုပေးပွဲမှာ ဆုတံဆိပ်တွေ သိမ်းပိုက်ခဲ့ကြတဲ့ KATSEYE နဲ့ BTS


၂၀၂၆ ခုနှစ်ရဲ့အမေရိကန်တေးဂီတ ဆုပေးပွဲမှာ တောင်ကိုရီးယားပေါ့ပ်အဖွဲ့တွေ ဖြစ်ကြတဲ့ KATSEYE နဲ့ BTS တို့က ဆု ၃ ခုစီ ဆွတ်ခူး သွားနိုင်ခဲ့ကြပါတယ်။

.
BTS က သူတို့ရဲ့ နောက်ဆုံးထွက်တဲ့သီချင်း SWIM နဲ့ အကောင်းဆုံး နွေရာသီ သီချင်းဆုကို ရရှိခဲ့ပြီး တစ်နှစ်တာ အတွင်း အကောင်းဆုံး အနုပညာရှင်ဆု၊ အကောင်းဆုံး အမျိုးသား ကေပေါ့ပ် အဖွဲ့ဆု တို့ကိုပါ ရရှိသွားခဲ့တာပါ။
.
အမျိုးသမီး ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ KATSEYE ကလည်း အမေရိကန် တေးဂီတဆုပေးပွဲမှာ တစ်နှစ်တာရဲ့ မျက်နှာသစ် အနုပညာရှင်ဆုကို ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ “Gnarly” တေးသီချင်းဗီဒီယို က အကောင်းဆုံး တေးသီချင်းဗီဒီယို ဆုကို ရရှိသွားခဲ့ပြီး လူကြိုက်အများဆုံး ပေါ့ပ်အနုပညာရှင် ဆုကိုပါ ရရှိသွားခဲ့တာမို့ BTS နည်းတူ ဆု ၃ ဆု ဆွတ်ခူးနိုင်ခဲ့တာပါ။
.
၂၀၂၆ အမေရိကန် တေးဂီတဆုပေးပွဲရဲ့ အကောင်းဆုံးအမျိုးသမီး ကေပေါ့ပ်အဖွဲ့ ဆုကိုတော့ TWICE က ဆွတ်ခူးသွားခဲ့တာပါ။
.
တောင်ကိုရီးယားရဲ့ တေးဂီတရုပ်ရှင် ဖြစ်တဲ့ “Kpop Demon Hunters” ကလည်း အမေရိကန် တေးဂီတ ဆုပေးပွဲကနေ ဆု ၄ ဆုအထိ ဆွတ်ခူးသွားနိုင်ခဲ့တာပါ။ ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ “Golden” သီချင်းက တစ်နှစ်တာ အကောင်းဆုံး တေးသီချင်းဆုကို ရရှိသွားခဲ့ပြီး အဲဒီသီချင်းက EJAE ၊ အော်ဒရေနူနာ ၊ အေမီ တို့ သီဆိုထားကြတာပါ။

.
ဒါ့အပြင် တစ်နှစ်တာ အကောင်းဆုံး ရုပ်ရှင် တေးသီချင်းဆုကိုလည်း “ Golden ” ကပဲ ရသွားခဲ့ပြီး အကောင်းဆုံး သီဆို ဖျော်ဖြေနိုင်မှု၊ အကောင်းဆုံး ပေါ့ပ်သီချင်း ဆုတွေကိုပါ ရရှိသွားခဲ့တာမို့ “Golden” က ဆု ၄ ဆုနဲ့ အမေရိကန် တေးဂီတ ဆုပေးပွဲမှာ စံချိန် တင်သွားနိုင်ခဲ့ပါတယ်။

.
Source : Soompi

.
#KBZTai #Shan #Kpop #AMAs

No comments:

Post a Comment

Pages