ထိုင်းမှာ တရုတ်နိုင်ငံသားတွေ ဖမ်းဆီး၊ ငွေညှစ်ခံရမှုတွေကြောင့် တရုတ်ခရီးသွား ဝင်ရောက်မှုနှုန်း လျော့ကျ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 25, 2026

ထိုင်းမှာ တရုတ်နိုင်ငံသားတွေ ဖမ်းဆီး၊ ငွေညှစ်ခံရမှုတွေကြောင့် တရုတ်ခရီးသွား ဝင်ရောက်မှုနှုန်း လျော့ကျ


ဆာခါအို ပြည်နယ်မှာ ထိုင်းရဲတွေက တရုတ်နိုင်ငံသားတွေဆီကနေ ငွေညှစ်တောင်းခံမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ထိုင်းနိုင်ငံထဲကို တရုတ်ခရီးသွား ဝင်ရောက်မှု လျော့ကျသွားခဲ့ရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ တရုတ်လူမျိုးတွေ ဆက်တိုက် ဆိုသလို ဖမ်းဆီးအရေးယူ ခံနေရတာတွေကြောင့်လည်း တရုတ်ခရီးသွားတွေက ထိုင်းနိုင်ငံကို လာရောက်ဖို့ စဉ်းစားလာကြတယ်လို့ ထိုင်းခရီးသွား အေးဂျင့်များအသင်း ဖြစ်တဲ့ (Atta) က ပြောပါတယ်။

.
ရဲအရာရှိတွေက တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးပြီးတဲ့နောက် ငွေညှစ် တောင်းခံမှုတွေ ပြုလုပ်ခဲ့ကြပြီး ပါဝင် ပတ်သက်ခဲ့ကြတဲ့ ရဲအရာရှိတွေ အားလုံး အဖမ်းခံခဲ့ရတာပါ။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေနဲ့ ဒီဖြစ်ရပ်က ဆက်စပ်မှု ရှိလိမ့်မယ်လို့ ထိုင်းအာဏာပိုင်တွေက ယုံကြည်နေပါတယ်။
.
ဘန်ကောက်မှာ ရှိတဲ့ တရုတ်သံရုံးကတော့ ဖြစ်ရပ်မှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ ဥပဒေအရ အရေးယူနိုင်ဖို့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ ဆိုပြီး ထိုင်းအာဏာပိုင်တွေဆီ တောင်းဆိုထားပါတယ်။
.
ဒီ ဖြစ်ရပ်က တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့သွားပြီးတဲ့နောက် တရုတ်ခရီးသွား ဝင်ရောက်မှုနှုန်းက ချက်ချင်း ဆိုသလို နှေးကွေးသွားခဲ့တာပါ။ တရုတ်သံရုံးဖက်ကတော့ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့ တရုတ်လူမျိုးတွေကို သတိထားပြီး နေထိုင်ဖို့ တိုက်တွန်းထားပြီး ဒီအချက်ကလည်း တရုတ် ခရီးသွားတွေအတွက် စိုးရိမ်စရာ တစ်ခုအဖြစ် ရှိလာနေခဲ့တာပါ။
.
ဇူလိုင်လမှာ တရုတ်ကျောင်းပိတ်ရက်တွေ စတင်တော့မှာ ဖြစ်တာကြောင့် တရုတ်ခရီးသွား ဝင်ရောက်မှုအတွက် ကြိုတင်စာရင်း ပေးသူတွေ ရှိနေကြပေမယ့်လည်း လက်ရှိမှာတော့ ပုံမှန်ထက် တစ်ဝက်လောက် လျော့ကျသွားတဲ့အကြောင်း Atta က အသိပေးပါတယ်။
.
ဒီလထဲမှာတော့ တရုတ် ခရီးသွားတွေရဲ့ နေ့စဉ် ဝင်ရောက်မှုက ပျမ်းမျှ ၂၀၀၀၀ လောက် ရှိနေပြီး ဒီနှစ်ထဲမှာ ထိုင်းနိုင်ငံထဲကို တရုတ်ခရီးသွား ၂ ဒသမ ၁၆ သန်း ဝင်ရောက်ခဲ့တယ်လို့ ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
.
Source - BangkokPost
.
#KBZTai #Shan #Thai #Chinese #International

No comments:

Post a Comment

Pages