.
၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်
.
ထိုင်းနိုင်ငံ ဟွိုင်ခွမ်ခရိုင်မှာရှိတဲ့
အဆော့-ဒင်ဒမ်း လမ်းပေါ်မှာ ခရီးသည်တင်ဘတ်စ်ကား (လိုင်းနံပတ် ၂၀၆) နဲ့
ကုန်တင်ရထားတစ်စီး တိုက်မိခဲ့ပြီး အနည်းဆုံး လူ ၈ ဦးသေဆုံးတဲ့အကြောင်း
တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
.
.ဒီနေ့ မွန်းလွဲ ၃ နာရီ ၄၂ မိနစ်မှာ
ဖြစ်ပွားခဲ့တဲ့ ဒီယာဉ်တိုက်မှုမှာ ကုန်တင်ရထားက ဘတ်စ်ကားတစ်စီးနဲ့
ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ခဲ့တာဖြစ်ပြီး ဘတ်စ်ကားက နေရာမှာတင်
မီးလောင်သွားခဲ့တာပါ။
.
တိုက်မိပြီး မိနစ်ပိုင်းအတွင်း
မီးလောင်မှုဖြစ်ခဲ့ပြီး မီးတောက်တွေက ဘတ်စ်ကားတစ်ခုလုံးကို ဖုံးလွှမ်းသွား ခဲ့တာပါ။
မီးသတ်သမားတွေ ရောက်လာပြီး မီးငြှိမ်းနေစဉ်မှာပဲ ပေါက်ကွဲမှုတွေ
ဆက်တိုက်ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ မီးကို ထိန်းချုပ်နိုင်ခဲ့တာပါ။
.
ဘတ်စ်ကားထဲမှာ ဒဏ်ရာရပြီး မထွက်နိုင်သူတွေ ရှိခဲ့ပြီး
မီးလောင်ထားတဲ့ ရုပ်အလောင်း ၈ ခုကို တွေ့ခဲ့ရတာပါ။
.
မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ ဘတ်စ်ကားက
ရထားလမ်းကို ဖြတ်ကူးချိန်မှာ ရထားလာနေတာ ကို မတွက်ဆနိုင်တဲ့အတွက်
တိုက်မိခဲ့တာဖြစ်ပြီး အနားမှာ ရထားလမ်းကူးဖို့ စောင့်နေတဲ့ ဆိုင်ကယ်တစ်စီးပါ
ပါသွားခဲ့တာပါ။
.
ဖြစ်စဉ်မတိုင်ခင် ရထားလမ်းကူးအတွက် တားဆီးထားတဲ့
တားမြစ်တံခါး ချို့ယွင်းနေတာကို လူတချို့က တွေ့ခဲ့ရပြီး
ဘတ်စ်ကားဝင်လာခါနီးချိန်မှာ တားမြစ်တံခါးက ပိတ်မရဖြစ်နေတာကို
ရုပ်သံမြင်ကွင်းတွေမှာ ပြန်တွေ့ခဲ့ရပါတယ်။
.
ဘတ်စ်ကားအပြင် အခြားကားနဲ့ ဆိုင်ကယ်သမားတွေလည်း
ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ခဲ့ရသူ ၂၅ ဦးအထိ ရှိခဲ့တာပါ။
.
ဘန်ကောက်မြို့တော်ဝန် စစ်တီပန်နဲ့
ပို့ဆောင်ရေးဒုဝန်ကြီး ဆီရီပေါင် တို့ အခင်းဖြစ်နေရာကို ရောက်လာ ကြပြီး
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်နေတဲ့အကြောင်း သတင်းတွေက ဖော်ပြပါတယ်။
.

No comments:
Post a Comment