ဟိုပုံးတွင် နေအိမ်‌ဖောက်ထွင်းခိုးယူကာ မီးရှို့မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 20, 2026

ဟိုပုံးတွင် နေအိမ်‌ဖောက်ထွင်းခိုးယူကာ မီးရှို့မှုဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထီဖြွမ်းကျေးရွာတွင် ယမန်နေ့ မေလ ၁၉ ရက်၊ နေ့လယ်ပိုင်းက နေအိမ်ဖောက်ထွင်းခိုးယူမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ခိုးယူသူက နေအိမ်ကိုပါ မီးရှို့ခဲ့ကြောင်း သိရသည်။

.

.

သူခိုးသည် နေအိမ်ဖောက်ထွင်းဝင်ရောက်ကာ ရွှေနှင့် တန်ဖိုးရှိပစ္စည်းများကို ခိုးယူသွားပြီးနောက် နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လျက်ရှိသည်။

.

မီးလောင်မှုကို ဒေသခံကျေးရွာသားများက အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာ ရှိခဲ့ပြီး နေအိမ်ပိုင်ရှင်၏ သားသမီးများသည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်သည့်အတွက် ၎င်းတို့ ပို့ပေးထားသည့် ငွေကျပ် သိန်း ၂၀၀ ခန့် ခိုးယူခံခဲ့ရသည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

.

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့မရဲစခန်းသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူ တစ်ဦးက အမှုလာရောက် ဖွင့်လှစ် တိုင်ကြားထားခြင်း မရှိသေးကြောင်းနှင့် အလှမ်းကွာဝေးသည့်အတွက် သွားရောက်စုံစမ်းနေဆဲဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

.

လက်ရှိတွင် ကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

.

Photo – Credit

.

No comments:

Post a Comment

Pages