အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုမိုခေါ်ယူမယ့် ထိုင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 20, 2026

အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုမိုခေါ်ယူမယ့် ထိုင်း

.

၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်

.

ထိုင်းနိုင်ငံအတွင်းက စက်မှုလုပ်ငန်းတွေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားရှားပါးမှုပြဿနာကို အစိုးရအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ ကုန်သွယ်ရေး၊စက်မှုနဲ့ဘဏ်လုပ််ငန်းကော်မတီ (JSCCIB) က တောင်းဆို လိုက်ပါတယ်။

.

.

ဒီကော်မတီက အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဥပဒေဆိုင်ရာ ကန့်သတ်ချက် တွေကို လျော့ပေါ့ပေးဖို့အပြင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်တွေကို အမြန်ဆုံးသက်တမ်းတိုးပေးဖို့ ထိုင်း အစိုးရကို တိုက်တွန်းထားပြီး စီးပွားရေးတိုးတက်မှုနဲ့ ပို့ကုန်ကဏ္ဍတွေအတွက် ရွှေ့ပြောင်းအလုပ်သမား တွေကို ပိုမိုလိုအပ်တယ်လို့ ပြောဆိုထားတာပါ။

.

အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ (JSCCIB) အစည်းအဝေးမှာ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ဥက္ကဌသစ် မစ္စ လီအစ်ဆာရန် နာကူလ် က အလုပ်ခန့်ထားတဲ့လုပ်ငန်းစဉ်တွေမှာ ပိုမိုလွယ်ကူစေဖို့နဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အနှောင့်အယှက်မဖြစ်စေဖို့အတွက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်လုပ်ခွင့်လက်မှတ် တွေကို သက်တမ်းတိုးပေးဖို့ တိုက်တွန်းလိုက်တာပါ။

.

သူမ က စက်မှုလုပ်ငန်းတွေ တည်ငြိမ်စေဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့ဆိုရင် ရွှေ့ပြောင်း အလုပ်သမား ခေါ်ယူမှုက အရေးပါနေပြီး မဟာဗျူဟာဆိုင်ရာ မူဘောင်တစ်ခုကို အမြန်ဆုံးအကောင်အထည် ဖော်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

.

အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ရေနံဈေးနှုန်းပြဿနာ၊ ကုန်ပို့ခကြီးမြင့်မှုတွေ ရှိနေပေမဲ့လည်း ၂၀၂၆ ခုနှစ်ထဲမှာ ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု တိုးတက်မှုကတော့ ဆက်လက်မြင့်တက်လာဖို့ရှိနေတယ်လို့ ကော်မတီက ခန့်မှန်းထားပြီး ၁ ဒသမ ၂ ရာခိုင်နှုန်းကနေ ၁ ဒသမ ၆ ရာခိုင်နှုန်းအတွင်း တိုးတက်လာဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

.

ဒါ့အပြင် နိုင်ငံတွင်းငွေကြေးဖောင်းပွမှုက ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်း အထိ တိုးမြင့်လာနိုင်တယ်လို့ သုံးသပ်ထားပြီး ပို့ကုန်တွေကတော့ ၀ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

.

ဇန်နဝါရီလကနေ မတ်လအတွင်း ရရှိထားတဲ့အချက်အလက်တွေအရ ထိုင်းနိုင်ငံတွင်း ပို့ကုန်တွေဟာ ဝယ်လိုအားကောင်းနေဆဲဖြစ်ပေမယ့်လည်း AI ဆိုင်ရာပို့ကုန်တွေမှာသာ ဝယ်လိုအားမြင့်နေပြီး ကုန်ပစ္စည်းပို့ကုန်တွေကတော့ သိသိသာသားဝယ်လိုအား ကောင်းလာတာမျိုး ရှိမနေသေးတာကိုလည်း တွေ့ရပါတယ်။

.

No comments:

Post a Comment

Pages