ရာသီ ကုန်ပေမယ့် အနီကတ် မကုန်သေးတဲ့ ချယ်လ်ဆီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 25, 2026

ရာသီ ကုန်ပေမယ့် အနီကတ် မကုန်သေးတဲ့ ချယ်လ်ဆီး



ပရီးမီးယားလိဂ်ရာသီရဲ့ နောက်ဆုံးပွဲ ဖြစ်တဲ့ ဆန်းဒါးလန်းနဲ့ ပွဲမှာ ချယ်လ်ဆီးကတော့ အနီကတ် တစ်ကတ် ဆက်လက် ရယူပြီး ဒီရာသီရဲ့အနီကတ် အများဆုံးအသင်း စံချိန်ကို ဆက်လက် ထိန်းသိမ်းသွားခဲ့ပါတယ်။
.
ဆန်းဒါးလန်းကိုသာ အနိုင် ရခဲ့ရင် ဥရောပပြိုင်ပွဲဝင်ခွင့် ရှိနေသေးပေမယ့်လည်း ရှုံးနိမ့်သွားခဲ့တာကြောင့် လာမယ့် ရာသီမှာ တစ်ပတ်ကို တစ်ပွဲပဲ ကန်ခွင့်ရတဲ့အသင်း အဖြစ် ရှိနေတော့မှာပါ။
.
ပွဲချိန် ပထမပိုင်းမှာတင် ဆန်းဒါးလန်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတဲ့ ချယ်လ်ဆီးက ဒုတိယပိုင်းမှာလည်း ဂက်စ်တို ရဲ့ ကိုယ့်ဂိုး ကိုယ်သွင်းလိုက်တဲ့ အမှားကနေ ဒုတိယဂိုး ပေးလိုက်ရပြီး တစ်ပွဲလုံး ရုန်းကန်သွားခဲ့ရတာပါ။ အင်္ဂလန်လူစာရင်းနဲ့ ဝေးကွာခဲ့တဲ့ ပယ်လ်မာက ချေပဂိုး တစ်ဂိုး ပြန် သွင်းပေးခဲ့ပေမယ့်လည်း သရေ တစ်မှတ်တောင် ရဖို့ မလုံလောက်ခဲ့ရှာပါဘူး။ ပြောရရင် ဒီပွဲအတွက် ချယ်လ်ဆီးက နေရာစုံမှာ ညံ့နေခဲ့ပြီး ခံစစ်က ကူကူရယ်လာ၊ ကွင်းလယ်က အန်ဇိုနဲ့ တိုက်စစ်က ပက်ဒရိုတို့ ၃ ယောက်လုံး ဒီပွဲမှာ ခြေ မပေါ်ခဲ့ကြပါဘူး။
.
ဖိုဖာနာရဲ့ အနီကတ် ထိသွားတဲ့ အပြုအမူကတော့ မိုက်မဲလွန်းတာပဲ ဖြစ်ပြီး ဘောလုံးပွဲ မနိုင်ရင်နေ၊ အနီကတ်တော့ ရအောင် ယူမယ်ဆိုတဲ့ ချယ်လ်ဆီးရဲ့ စီမံကိန်းကတော့ အောင်မြင်သွားခဲ့တယ်လို့ ပြောရမလိုပါ။
.
ချယ်လ်ဆီးက ဒီရာသီမှာ စုစုပေါင်း အနီကတ် ၈ ကတ်နဲ့ အနီကတ် အများဆုံးအသင်း အဖြစ် ရပ်တည်သွားခဲ့ပြီး သူ့ရဲ့ အနောက်မှာ ဒုတိယအနီကတ် အများဆုံးအသင်းအဖြစ် စပါးနဲ့ အဲဗာတန်တို့က ရပ်တည်နေပါတယ်။ ဒါတောင်မှ စပါးနဲ့အဲဗာတန် ၂ သင်းပေါင်း အနီကတ်က ၄ ကတ်ပဲ ရှိတာမို့ ၂ သင်း ပေါင်းတာတောင် ချယ်လ်ဆီးရဲ့ တစ်ဝက်လောက်ကိုသာ လိုက်မှီထားတဲ့ အနေအထားပါပဲ။
.
ဘယ်လိုပဲ ဖြစ်ဖြစ် ချယ်လ်ဆီးကတော့ ဒီရာသီမှာ တန်တယ်လို့ ပြောရမှာပါပဲ။ ဥရောပ ဝင်ခွင့် မရခဲ့ပေမယ့်လည်း အနီကတ်တွေတော့ ဖောဖောသီသီ ရခဲ့တယ်။ မိချယ် အသင်း မဟုတ်ဘဲ ဖိုက်တာအသင်း ဖြစ်တဲ့ အကြောင်း ပြနိုင်ခဲ့တာရယ်၊ အနီကတ်တွေ ထိထိ နေတာကြောင့် ကစားသမားတွေ နား နားပြီး ကန်ရတာမို့ သက်သာနေကြတာရယ်ကြောင့်ပါ။ လာမယ့်ရာသီအတွက်တော့ အလွန်ဆိုနဲ့ ချယ်လ်ဆီး တွေ့ပါလိမ့်မယ်။ ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။

.
#KBZTai #Shan #Football #Chelsea

No comments:

Post a Comment

Pages