တောင်ကြီးတွင် အမျိုးသားတစ်ဦး ၂၄ ရက်ကြာ ပျောက်ဆုံးနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, May 27, 2026

တောင်ကြီးတွင် အမျိုးသားတစ်ဦး ၂၄ ရက်ကြာ ပျောက်ဆုံးနေ


ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၌ ပြီးခဲ့သည့် အမျိုးသားတစ်ဦး မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ ၂၄ ရက်ကြာ ရှိပြီ ဖြစ်ကြောင်း သိရသည်။

.
ပျောက်ဆုံးသူမှာ ကံသာရပ်ကွက်၊ နယ်မြေ(၁)၊ မြမဉ္ဇူလမ်းတွင် နေထိုင်သည့် အသက် ၄၄ နှစ်အရွယ် ကိုဇော်မင်းနိုင် (ခ) ကိုဂျက်လုံး ဆိုသူ ဖြစ်ပြီး မေလ ၃ ရက်နေ့၊ နံနက် (၃)နာရီအချိန်ခန့်က နေအိမ်မှ ထွက်သွားခဲ့ပြီးယနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
အဝတ် တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ထွက်သွားတာ။ ဖုန်းလည်း မပါသွားဘူး၊ မှတ်ပုံတင်တောင် မပါသွားတာမို့ အခုလို ပျောက်နေတာကို စိတ်ပူနေတာ” ဟု မိသားစုဝင် တစ်ဦးက ပြောသည်။
.
လက်ရှိတွင် မိသားစုဝင်များက ၎င်းသွားလာတတ်သည့် နေရာများတွင် လိုက်လံ ရှာဖွေနေလျက်ရှိပြီး လူပျောက် တိုင်ကြားရန်အတွက်လည်း စီစဉ်နေကြောင်းသိရ သည်။
.
အဆိုပါ ကိုဇော်မင်းနိုင် အား တွေ့ရှိသူများ အနေဖြင့် ဖုန်းနံပါတ် ၀၉၄၂၈၃၁၁၃၉၆ သို့ ဆက်သွယ် ပေးရန်အတွက် မိသားစုက မေတ္တာရပ်ခံထားသည်။
.
#KBZTai #Shan #Taunggyi #လူပျောက်

No comments:

Post a Comment

Pages